ရှမ်းနနွင်းလည်းဈေးအေးနေ ရှမ်းနနွင်းဈေးလည်းအေးနေပါတယ်။ နနွင်းစိုက်တောင်သူများ၊ ကုန်သည်များရဲ့ အတွေ့အကြုံအရ ရှမ်းပြည်နယ်ထွက် သီးနံှများက သုံးနှစ်ဈေးကောင်းရပြီးရင် ဈေးကျလေ့ရှိတယ်လို့ ဆိုပါတယ်။ နနွင်းကလည်း သုံးနှစ်ဈေးကောင်းခဲ့ပြီးဖြစ်တာကြောင့် ဒီနှစ်ကဈေးကျခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ နနွင်းအဓိကထွက်တဲ့ ပင်လောင်းမှာလည်း လက်ကျန်နနွင်းက သိန်းဆယ်ဂဏန်းရှိနေပါသေးတယ်။ ပင်လောင်းနနွင်းကို ယခင်နှစ်တွေက ရောပြီးရောင်းရတာကြောင့် လက်ကျန် နည်းပေမဲ့၊ ဒီနှစ်ကတော့ အဲဒီလိုမရောင်းခဲ့ရပါဘူး။ နနွင်းကိုပြည်တွင်းသုံးအနေနဲ့လည်း ဟင်းခတ်အမွှေး အကြိုင် အဖြစ်အသုံးပြုခြင်း၊ ပရဆေးဖော်ခြင်း၊ ခြင်ဆေးခွေပြုလုပ်ခြင်းအတွက်သာ အသုံးပြုတာကြောင့် ပြည်ပဝယ်လိုအား မရှိရင် လက်ကျန်က အများကြီးကျန်ပါတယ်။ ဒါကြောင့်ဒီနှစ်မှာလည်း နနွင်းစိုက်တောင်သူတွေက နနွင်းကိုသိပ်မစိုက်တော့ပဲ ဂမုန်းဥ တွေကိုသာ ပြောင်းပြီး စိုက်ကြတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ပင်လောင်း နနွင်းတစ်ပိဿာ ၁၂ဝဝ ကျပ်- ၁၃ဝဝ ကျပ်၊ ဟိုပုံးနနွင်း ၁၉ဝဝ ကျပ်၊ ပင်းတယနနွင်း ၁၉ဝဝ ကျပ်-၂ဝဝဝ ကျပ်နဲ့ ဆင်တောင်နနွင်းက ၃၅ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတက် တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
Background