Main menu

Background

မတ်ပဲကို အိတ်စပို့ ဝယ်လက်ဈေးချအဝယ်ရှိလို့ ဈေးဆင်းလာ

Mon, 06/06/2011 - 11:32 -- Anonymous (not verified)

မတ်ပဲစဉ် ကုန်စည်ဒိုင်        ရေတွက်ပုံ       ယခင်           ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ တန်         ၅၈၂ဝဝဝ     ၅၅ဝဝဝဝ၂ မုံရွာ                     ၁ ပိဿာ          ၈၅ဝ           ၈၄ဝ၃ ပြည်                     ၁ ပိဿာ         ၉၁၅            ၈၄ဝ၄ ဟင်္သာတ              ၁ ပိဿာ          ၈၅ဝ           ၈ဝ၅၅ မန္တလေး               ၁ ပိဿာ           ၈၅ဝ          ၈၁၇မတ်ပဲကို အိတ်စပို့ ဝယ်လက်ဈေးချအဝယ်ရှိလို့ ဈေးဆင်းလာ                 ဘုရင့်နောင် ဈေးကွက်တွင် ဒီတစ်ပတ်မှာ မတ်ပဲ(RC) ကို အိတ်စပို့ဝယ်လက်တွေက အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲ ဈေးဆင်းနေတာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ် ယူနစ်တန်ဖိုးဈေးဆက်တိုက်ကျဆင်းနေတဲ့အပေါ်မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၅၈၂ဝဝဝ ကျပ်မှ ၅၅ဝဝဝဝ ကျပ်အတွင်း တန် ၁၂ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မန္တလေးဈေးကွက်မှာတော့ မြို့ခံပဲခွဲစက်သမားများက အောက်ဈေးနဲ့ အဝယ်အထိုက်အလျောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၇ ကျပ်(တစ်တန်ကို ၅ဝဝ၃၂၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း မြို့ခံကုန် သည်တစ်ဦး ကဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲခွဲခြမ်းပြုလုပ်ရန် ဝယ် ယူသူများက တစ်ပိဿာ ၈၄ဝ ကျပ်(တစ်တန်ကို ၅၁၄၄ဝ၇ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၀၀ ခန့် အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သမ်းနေကြောင်း သိရှိရပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်က ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC) ရောင်းဈေးဆက်တိုက်ကျဆင်းနေတဲ့အပေါ် တွက်ချက် ဝယ်ယူမှုရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးလည်းကျသွား သလို အရောင်းအဝယ်ဖြစ်မှုပမာဏလည်း နည်းခဲ့တယ်လို့ မြို့ခံပဲ ကုန်သည်တစ်ဦးကဆိုပါတယ်။                    ဆက်သွယ်ရန် ဖုန်း-ဝ၁-၆၈ဝ၉၁ဝ