အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေးတိုးမြှင့်ရန် မိုးရေးတွင် စီးပွားရေးဇုန် တည်ဆောက် အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရန်အတွက် မိုးရေးမြို့တွင် စီးပွားရေးဇုန် တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သော မိုးရေးမြို့တွင် စီးပွားရေး အတွက် အခြေခံကျသော အဆောက်အဦများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သညန ျအသစ ျနမလငခန ဖြင့် ကုန်လှောင်ရုံများ၊ စစ်ဆေးရေးဂိတ်များ၊ ဘဏ်များ တည်ဆောက်လျက်ရှိပါတယ်။ ၎င်းအပြင် နယ်စပ်ကုန်သွယ်ရေးတိုးမြှင့်လာစေရေးအတွက် လာမယ့် ၆ လအတွင်း အိန္ဒိယကုန်သည်ကြီးများမှ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် လာရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘက်မှ တမူးမြို့နဲ့ ထိစပ်လျက်ရှိသော မိုးရေးမြို့တွင် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်စေရေးအတွက် အိန္ဒိယ အစိုးရနဲ့ မဏိပူရပြည်နယ်အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်ရှိကြောင်း ကုန်သည်များကလည်း မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုရန် စိတ်ဝင်စားလျက်ရှိခြင်းကြောင့် လာမယ့် ၆ လအတွင်း နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်လာနိုင်ကြောင်း ၊ မြန်မာ့ စီးပွားရေးဘဏ်နဲ့ အိန္ဒိယနိုင်ငံမှ အပြည်ပြည်ဆိုင်ရာဘဏ် နှစ်ခုတို့ လက်မှတ်ရေးထိုးထားသည်မှာ နှစ်အတန်ကြာ ခဲ့ပြီဖြစ်ပေမဲ့ ပုံမှန်ကုန်သွယ်ရေးတွင် ယခုအချိန်ထိ အကောင်အထည် မဖော်နိုင်သေး သော်လည်း အိန္ဒိယနိုင်ငံလုပ်ငန်းရှင်များ လာရောက်ဆွေးနွေးမှု ပြုလုပ်ပြီးပါက နယ်စပ်ကုန်သွယ်ရေးသာမက ပုံမှန်ကုန်သွယ်ရေးပါ တိုးတက်လာနိုင်ကြောင်း မန္တလေး- အိန္ဒိယကောင်စစ်ဝန်ချုပ် ဒေါက်တာမဒမ်မိုဟန်မက်ဆင်းက ပြောကြားခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးတွင် အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် အိုင်တီလုပ်ငန်း၊ ပညာရေး၊ ဆေးဝါးနဲ့ လယ်ယာထွက်ကုန်များကို အဓိကစိတ်ဝင်စားလျက်ရှိပြီး မြန်မာနိုင်ငံဘက်မှ စီးပွားရေးလုပ်ငန်းရှင်များက လယ်ယာထွက်ကုန်သီးနံှများကို စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
Background