၂ဝ၁၇ တွင် ထိုင်းနိုင်ငံမှ ရော်ဘာတန်ချိန် (၂) သိန်းကျော် ပိုမိုထုတ်လုပ်နိုင်မည် ကမ္ဘာ့အကြီးဆုံးရော်ဘာတင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံက ၂ဝ၁၇ မှာ ရော်ဘာတန်ချိန် ၂၂ဝဝဝဝ ပိုမိုတိုးမြှင့်ထုတ်လုပ် နိုင်ဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ယခုနှစ်မှာ ထိုင်းနိုင်ငံတစ်ဝှမ်းမှာ ရော်ဘာစိုက်ဧရိယာရိုင် ၈ သိန်းခန့်ရှိကြောင်း ရော်ဘာကော်မတီက ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံက မကြာသေးမှီက ၃ နှစ်စီမံကိန်းချမှတ်ပြီး ရော်ဘာစိုက်ဧရိယာတွေကို အရှေ့မြောက်မှာရိုင် ၅သိန်း၊ မြောက်ပိုင်းဒေသမှာ ရိုင် ၁၅ဝဝဝဝနဲ့ အရှေ့ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသ တွေမှာ ရိုင် ၁၅ဝဝဝဝ ထပ်မံတိုးခဲျ့ စိုက်ပျိုးနေပါတယ်။ ဒီစီမံကိန်းမှာ ရော်ဘာစိုက်ပျိုးသူ ၁၆ဝဝဝဝ ပါဝင်ပြီး ၂ဝ၁၇ မှာ တန်ချိန် ၂၂ဝဝဝဝ ကျော် ပိုမိုထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ ထိုင်းနိုင်ငံက ရော်ဘာတန်ချိန် ၃ ဒသမ ၁၁ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံက ကမ္ဘာ့အကြီးဆုံးရော်ဘာထုတ်လုပ်သူဖြစ်ပြီး တန်ချိန် (၃) သန်းကျော် ထုတ်လုပ်နိုင်ကာ စိုက်ဧရိယာမှာတော့ ဒုတိယအများဆုံးလိုက်ပြီး အင်ဒိုနီးရှားက ပထမနေရာမှာ ရှိကြောင်း သိရပါတယ်။ ရော်ဘာစိုက်ပျိုးရေးက ၂ဝဝ၄ မှ ၂ဝ၁ဝ အထိ ၅ ဒသမ ၉၁ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်ခဲ့ပြီး ၂ဝဝ၄ မှာ စိုက်မြေရိုင် ၁၂ ဒသမ ၉၅ သန်းကနေ ၂ဝ၁ဝ မှာ စိုက်မြေ ရိုင် ၁၇ ဒသမ ၉၆ သန်းကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် တစ်ချို့ဝေဖန်သုံးသပ်ချက်များကတော့ထိုင်းနိုင်ငံ ရဲ့ ရော်ဘာစိုက်ပျိုးရေးတိုးခဲျ့မှု စီမံကိန်းနဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်နေပါတယ်။ ရော်ဘာဝယ်လိုအားက စီးပွားရေးဖွံ့ဖြိုးမှုပေါ်မှာ မူတည်ပြီး ကမ္ဘာ့စီးပွားရေးက ပိုမိုပြီး မတည်မငြိမ် ဖြစ်လာကြောင်း ဝေဖန်သူများကပြောပါတယ်။ လွန်ခဲ့တဲ့ ၁ဝ စုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးအလျင်အမြန် တိုးတက်ခဲ့တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကလည်း ၁ဝ နှစ်အတွင်း ရော်ဘာဝယ်လိုအားအတွက်အာမခံချက် မပေးနိုင်ကြောင်း သိရပါတယ်။ အနာဂတ် ဈေးကွက်နဲ့ အစိုးရရဲ့ မူဝါဒတွေကြောင့် ရော်ဘာဈေးနှုန်းကလည်း တက်ချည်ဆင်းချည်ဖြစ်နေပြီး ဝယ်လိုအားလည်း သေချာမှု မရှိကြောင်း ၎င်းဝေဖန်ရေးသမားများက ပြောကြားပါတယ်။ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့မှာလည်း ရော်ဘာ စိုက်ပျိုးရေး တွေ တရှိန်ထိုးဆောင်ရွက်နေကြောင်း သိရပါတယ်။ တကယ်လို့ ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မယ်ဆိုရင်တော့ ဝယ်လိုအားလဲ ကျဆင်းမှာ ဖြစ်ပြီး ရောင်းလိုအားကတော့ ပိုလံျှနေမှာ ဖြစ်ကြောင်းသုံးသပ်နေကြပါတယ်။ Source: commodity online ,KZW
Background