အိန္ဒိယအစိုးရမှ သကြားတန်ချိန် ၃၃၉ဝဝဝ တင်ပို့ဖို့ ခွင့်ပြုချက်ထုတ်ပြန် အိန္ဒိယအစိုးရဟာ ဧပြီလအတွင်း ပြည်ပကို သကြားတန်ချိန် စုစုပေါင်း ၅ သိန်းတင်ပို့ခွင့်ပြုထားတဲ့အနက် ယခုအခါ သကြားစက်များကို တန်ချိန် ၃၃၉ဝဝဝ တင်ပို့ဖို့ ခွင့်ပြုချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သကြားစက်များဟာ စားနပ် ရိက္ခာဝန်ကြီးဌာနမှ ခွင့်ပြုချက်မပါဘဲ သကြားပြည်ပတင်ပို့နိုင်ခွင့်မရှိဘူးလို့ သိရပါတယ်။ မတ်လ ၂၂ ရက်နေ့မှာဘဏ္ဍာရေးဝန်ကြီး Pranab Mukherjee ဦးဆောင်တဲ့ စားနပ်ရိက္ခာဆိုင်ရာ အစိုးရဝန်ကြီးများအဖွဲ့(EGoM ) ဟာ Opem General Licences (O G L ) အရ သကြားစက်များကို တန်ချိန် ၅ သိန်းတင်ပို့ခွင့်ပြုထားပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ဧပြီလ ၁၉ ရက်မှာ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဲဒီပမာဏအနက် တန်ချိန် ၅၁၅ဝဝ ကို အိမ်နီးချင်းနိုင်ငံများအတွက် အရန်သို လှောင်မှုအဖြစ် ထားရှိပြီး ကျန်ပမာဏ ၄၄၈၅ဝဝ ကိုတော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော် က သကြားစက်များရဲ့ ပျမ်းမျှထုတ်လုပ်မှု ပမာဏပေါ် အခြေခံပြီး ခွဲဝေတင်ပို့ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ နောက်ဆုံးစာရင်းများအရ ဝန်ကြီးဌာနမှ ဇွန်လ ၁ ရက်နေ့တိုင် တန်ချိန် ၃၃၉၁၈၇ ကို တင်ပို့ခွင့်ပြုမိန့် ထုတ်ပြန်ပြီးဖြစ်တယ်လို့ သိရပါတယ်။EGoM အဖွဲ့ဟာ ကြံသကြားထုတ်လုပ်တဲ့ ရာသီ ၂ ခုကြား ပြည်တွင်းစားသုံးမှုထက် နိုင်ငံရဲ့ ထုတ်လုပ်မှု ပိုလံျှတာကြောင့် တန်ချိန် ၅ သိန်း သတ်မှတ်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က အစိုးရဟာ သကြားစက်များကို တန်ချိန် ၁ သန်းခန့် တင်ပို့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးပြီးရင် ကမ္ဘာမှာ သကြားဒုတိယအများဆုံး ထုတ်လုပ်တဲ့ အိန္ဒိယရဲ့ သကြားထုတ်လုပ်မှုဟာ ၂ဝ၁ဝ-၁၁ (အောက်တိုဘာ- စက်တင်ဘာ) သကြားထုတ်လုပ်တဲ့ရာသီအတွင်း တန်ချိန် ၂၄ ဒသမ ၅ သန်းခန့်အထိ ထွက်ရှိခဲ့တာကြောင့် ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁၉ သန်းထက် မြင့်တက်ခဲ့ပါတယ်။ နိုင်ငံရဲ့ နှစ်စဉ်၏ လိုအပ်ချက်က တန်ချိန် ၂၂ သန်းလို့ ခန့်မှန်းထားပါတယ်။ ၂ဝဝ၈-ဝ၉ နဲ့ ၂ဝဝ၉-၁ဝ ခုနှစ်အတွင်း သကြားထုတ်လုပ်မှုဟာ ပြည်တွင်း စားသုံးမှုအောက် ရောက်ရှိခဲ့ပြီး တန်ချိန် ၁၄ ဒသမ ၅၃ သန်းနဲ့ ၁၉ သန်းနီးပါးသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်းပြည်တွင်းလိုအပ်ချက် ပြည့်မီဖို့ တန်ချိန် ၆ သန်းခန့် ပြည်ပက တင်သွင်းခဲ့ရတာဖြစ်ပါတယ်။ ယမင်းခင် Source: nns commodity new.com
Background