ဇုန်အကြောင်း မြေဖယောင်းသက်သေ မြေဖယောင်း(Bentonite) ဆိုတာ မီးတောင်များပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ချော်မှုန့်တွေ၊ ပြာတွေဟာ ချောင်းများတစ်လျှောက် နှစ်ပေါင်းများစွာ အနည်ထိုင်ပြီး သဘာဝအလျှောက် မြေဖယောင်း (Bentonite ) အဖြစ် ပြောင်းလဲလာတဲ့ မြေသယံဇာတတစ်ခုဖြစ်ပါတယ်။ မြေဖယောင်း (Bentonite)ကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ နယ်အတွင်းမှာ ထုတ်လုပ်နေကြောင်း သိရှိရပါတယ်။ မြေဖယောင်း (Bentonite) ကို စက်မှုကုန်ကြမ်းအဖြစ် ဆည်များ၊တံတားတိုင်ကြီးများ ဆောက်လုပ်ရာမှာ အောက်ခြေမြေထိန်းနံရံ ရေမစိမ့်စေရန် ဘိလပ်မြေနှင့် တွဲဖက်သုံး စွဲခြင်း၊ သံရည်ကြိုပုံလောင်းရာတွင် သံမို (Mould) များပြုလုပ်ရာမှာ အသုံးပြုခြင်း၊ စားသုံးဆီ၊ စက်ဆီ၊ ချောဆီများ အရောင်ချွတ်ရာမှာ အသုံးပြုခြင်း၊ တိရစ္ဆာန်အစာတောင့်နဲ့ သဘာဝမြေသြ ဇာများကို အစိုင်အခဲ ပြုလုပ်ရာမှာ ကော်အဖြစ် အသုံးပြုခြင်း၊ ရေနံတွင်းနဲ့ အဝီစိတွင်းများထူးဖော်ရာမှာ ဘေးသား မြေများ ပြိုမကျဖို့ မြေသားနံရံထိန်း အဖြစ်အသုံးပြုခြင်း၊ ဆေးဝါး၊ အလှကုန် နဲ့ အသားလိမ်းအလှဆီများ ပြုလုပ်ရာ မှာ အသုံးပြုခြင်းနဲ့ အချိုရည်၊ အရက် များ အနည်စစ်သန့်စင်ရာမှာ အသုံးပြုခြင်းလိုမျိုး ဘက်စုံအသုံးပြုကြတာကို တွေ့ရပါတယ်။ မန္တလေးစက်မှုဇုန်(၂)မှာကမ္ဘာသစ် စက်မှုကုန်ကြမ်းပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးမောင်မောင်ဦးနဲ့ တွေ့ဆုံမေးမြန်းရာမှာ ''မြေဖယောင်း (Bentonite)ဟာ စက်မှုဇုန်တွေရဲ့ မရှိ မဖြစ် စက်မှုကုန်ကြမ်းပါ။ စက်မှုပုံ လောင်းနဲ့ အခြားလုပ်ငန်းတွေ အလုပ်ဖြစ်မဖြစ်ဆိုတာ မြေဖယောင်း ရောင်းရတဲ့ ပမာဏကိုကြည့်ရင် အကြမ်းဖျင်း သိနိုင်ပါတယ်''လို့ ဆိုပါတယ်။ မြေဖယောင်း (Bentonite)ကို ပွနှုန်းပေါ်အခြေခံပြီး Grade(၃) မျိုး ခွဲခြားထားပါတယ်။ ပွနှုန်းအဆင့် ၇ဝ အထက်ကို ွမေိန ဗ သတ်မှတ်ပြီး၊ ပွနှုန်း ၄ဝ မှ ၅ဝအတွင်းကို ွGrade A နဲ့ ပွနှုန်း ၃ဝ နဲ့ အောက်ကိုတော့ Grade B သတ်မှတ်ပါတယ်။ ပိဿာ ၃ဝ ပါအိတ် တစ်အိတ်ကို ၃ဝဝဝ ကျပ် မှ ၃၈ဝဝ ကျပ်အထိ Grade ပေါ်မူ တည်ပြီး ရောင်းချတယ်လို့ ကမ္ဘာသစ် စက်မှုကုန်ကြမ်း ရောင်းဝယ်ရေးလုပ် ငန်းရှင် ဦးမောင်မောင်ဦးမှ ပြောပါတယ်။ သူရဲ့လုပ်ငန်းမှ တစ်လကို အိတ် ၂ဝဝ ဝန်းကျင်ခန့် တောင်ကြီးအေးသာ ယာ စက်မှုဇုန်၊ မုံရွာစက်မှုဇုန်နဲ့ မန္တလေးစက်မှုဇုန်တို့ကို ဖြန့်ဖြူးရောင်း ချလျက်ရှိကြောင်း စက်မှုဇုန်တွေရဲ့ မရှိမဖြစ်တဲ့ မြေဖယောင်း (Bentonite) အကြောင်း ရေးသားတင်ပြလိုက် ပါတယ်။ ဇေယျာဆွေ
Background