Main menu

Background

ပဲတီစိမ်း ကို အိန္ဒိယဝယ်လက် အဝယ်လျော့

Sun, 06/19/2011 - 05:44 -- Anonymous (not verified)

   ပဲတီစိမ်း ကို အိန္ဒိယဝယ်လက် အဝယ်လျော့              ရန်ကုန်တိုင်းဒေသကြီး(ဘုရင့်နောင်) ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို အိန္ဒိယဝယ်လက် အဝယ်လျော့လို့ အရောင်း အဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။ FOB  ဈေးကွက်မှာ ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တန်ချိန် ၂၇ဝဝ ခန့်သာရှိလို့ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၄ဝဝဝ ကျော်ထက် လျော့ကျတာ တွေ့ရပါတယ်။      တရုတ်ဈေးကွက်မှာလည်း အစိုးရက ပဲတီစိမ်းတင်ပို့မှု ပိတ်ပင်ထားတဲ့အတွက် လက်ကျန်သိုလှောင်မှု များနေတာကြောင့် မြန်မာ ပဲတီစိမ်းများ တရုတ်က ခပ်လေးလေးသာ ဝယ်ယူမှုရှိပြီး အိန္ဒိယဝယ်လက်တွေကလည်း မြန်မာ ပဲတီစိမ်းပေါက်ဈေးကို သိပ်မလိုက်နိုင်တဲ့အတွက် အဝယ်ပါးသွားတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB ဈေး လျော့ကျလာတာကို ယခင်သီတင်းပတ်ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                      ဒေါ်လာ/တန်                  ပဲတီစိမ်း (အညာ)          ပဲတီရွှေဝါ(အသေး)                     ပဲတီရွှေဝါအကြီး၁၇-၆-၁၁       ၁ဝ၂ဝ-၁ဝ၄ဝ              ၁၁၈ဝ-၁၂ဝဝ                           ၁၂၈ဝ-၁၃ဝဝ၁၃-၆-၁၁        ၁ဝ၅ဝ-၁ဝ၇ဝ             ၁၂ဝဝ-၁၂၂ဝ                           ၁၃ဝဝ-၁၃၂ဝMIRT (DOBT)