Main menu

Background

ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် အဓိကဖလားရရှိမည်ဟု လီဝက်စ်ဝုဒ် ယုံကြည်

Tue, 06/21/2011 - 12:05 -- Anonymous (not verified)

ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် အဓိကဖလားရရှိမည်ဟု လီဝက်စ်ဝုဒ် ယုံကြည်              ကျင်းပလျက်ရှိတဲ့ယူအက်စ်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အင်္ဂလန်နိုင်ငံ မှ ကမ္ဘာ့အဆင့်(၂) ဂေါက်သီးချန်ပီယံ ဖြစ်သူ လီဝက်စ်ဝုဒ်သည်ပြိုင်ပွဲ၏အဓိက ဖလားကို ရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။ အသက် ၃၈နှစ်ရှိပြီဖြစ်သည့်လီ သည် သူ၏ကစားသမားသက်တမ်းတစ်လျှောက်တွင် ဒုတိယ နှစ်ကြိမ်၊ တတိယ သုံးကြိမ်ရရှိထားသူဖြစ်သည်။ ၂ဝ၁ဝခု နှစ် မာစတာဂေါက်သီးရိုက်ပြိုင်ပွဲ နှင့် အိုးပင်းပြိုင်ပွဲတို့တွင် ဒုတိယရရှိခဲ့ပြီး ၂ဝဝ၈ခုနှစ်ယူအက်စ်အိုးပင်းပြိူင်ပွဲ၊ ၂ဝဝ၉ခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲ၊ ၂ဝဝ၉ခုနှစ် ယူအက်စ်ပီဂျီအေပြိုင်ပွဲတို့ တွင် တတိယရရှိခဲ့ကြောင်း သိရသည်။ ၂ဝ၁၁ ယူအက်စ် အိုးပင်းပြိူင်ပွဲဝင် လီက ''ကျွန်တော်ဒီပွဲမှာ အနိုင်ရဖို့မျှော်လင့်ထားပါတယ်။ စိတ်ထဲမှာ ကသိက အောင့်တွေဖြစ်နေတဲ့ကြားထဲက အခု ပြိုင်ပွဲကို ယှဉ်ပြိုင်ရတာပါ။ ဒါနဲ့ပတ် သက်ပြီးတော့လည်း ကျွန်တော့်ကို အကောင်းမြင်တဲ့ဖက်ကနေ ကြည့်ပေးကြ ပါ။ ကျွန်တော့်အနေနဲ့ ဒီပွဲမှာ အဓိကဖလားကို ရအောင် ကြိုးစားသွား မှာပါ''ဟု ပြောကြားသွားခဲ့သည်။