Main menu

Background

မုတ်သုံမိုး ပုံမှန်အောက်နည်းမယ့် ခန့်မှန်းချက်ကြောင့် အိန္ဒိယသီးနံှများကို ထိခိုက်ဖွယ်မရှိ

Mon, 06/27/2011 - 06:41 -- Anonymous (not verified)

မုတ်သုံမိုး ပုံမှန်အောက်နည်းမယ့် ခန့်မှန်းချက်ကြောင့် အိန္ဒိယသီးနံှများကို ထိခိုက်ဖွယ်မရှိ                 စပါး၊ ဝါဂွမ်းနဲ့ ပဲမျိုးစုံစိုက်ပျိုးဖို့ အဓိကကျတဲ့ အိန္ဒိယရဲ့ မုတ်သုံမိုးဟာ ယခုနှစ်မှာ ပျမ်းမျှအောက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယမိုးလေဝသ ဌာနရဲ့ယခုနှစ်မှာ မိုးရွာသွန်းမှုက ပုံမှန်အောက်အနည်းငယ်ကျဆင်းဖွယ် ရှိတယ် လို့ ခန့်မှန်းထားပေမဲ့ မိုးရေကကောင်းကောင်းလုံလောက်မှာဖြစ်လို့ သီးနံှအထွက် သိသိသာသာထိခိုက် နိုင်ဖွယ်မရှိဘူးလို့ မိုးလေဝသထိပ်တန်းအရာရှိများက ဆိုပါတယ်။                 အိန္ဒိယနိုင်ငံရဲ့ ဇွန်လမှ စက်တင်ဘာလ မိုးရွာသွန်းမှုဟာ လွန်ခဲ့တဲ့လ နှောင်းပိုင်းမှာပါးပါးနဲ့ စတင်ရွာသွန်းခဲ့ပေမဲ့အိန္ဒိယအလယ်ပိုင်းကပဲပုပ်နဲ့ မြောက်ပိုင်း က စပါးစိုက်ပျိုးမှုကို မထိခိုက်ခဲ့ဘူးလို့ IMD မှ ဆိုပါတယ်။ ဇွန်လစက်တင်ဘာလ မိုးရွာသွန်းမှုဟာ နှစ် ၅ဝ ပျမ်းမျှရဲ့ ၉၅ ရာခိုင်နှုန်းခန့်ရွာဖွယ်ရှိ တယ်လို့ ဆိုပါတယ်။                     လာနီညာအခြေအနေအားပျော့လာခြင်း၊ အိန္ဒိယသမုဒ္ဒရာမှာ အပူချိန် မပူမအေးဖြစ်ခြင်းတို့ကြောင့် မိုးရွာသွန်းမှု လျော့ကျမယ်လို့ IMD  ကခန့်မှန်းခြင်း ဖြစ်ပါတယ်။ ပုံမှန်မိုးရေချိန်အောက်ရောက်ရှိမယ့် ခန့်မှန်းချက်က လေ့လာဆန်းစစ်သူတွေကို အံ့အားသင့်စေပြီး စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုကို ဖြစ်စေတဲ့ ငွေကြေးဖောင်းပွမှုမျိုး ထပ်မံဖြစ်မှာစိုးရိမ်စေခဲ့ပါတယ်။                        မကြာသေးခင် သီတင်းပတ်များက စားသောက်ကုန်ဈေးနှုန်းများကျဆင်း ခဲ့ပေမဲ့ မိုးနည်းပါးခြင်းက ဈေးနှုန်းတစ်ဖန်ပြန်မြင့်လာစေနိုင်ပါတယ်။ တစ်နှစ် ထက် တစ်နှစ် ငွေကြေးဖောင်းပွမှုနှုန်းက ဇွန်လ ၄ ရက် သီတင်းပတ်မှာ ၈ ဒသမ ၉၆ ရာခိုင်နှုန်းဖြစ်လို့ ယခင်သီတင်းပတ်ရဲ့ ၉ ဒသမ ဝ၁ ရာခိုင်နှုန်းထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။ အိန္ဒိယမြောက်ပိုင်းဟာ နိုင်ငံရဲ့ သီနံှအများဆုံးထုတ်ရာဒေသဖြစ်ပြီး ရာသီ မိုးရွာသွန်းမှုဟာ ယခုအခါ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ပတ်ဝန်းကျင်အတွင်းသာ ရွာသွန်းတယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာဂံျုနဲ့ ဆန်ကို ဒုတိယ အများဆုံးထုတ်လုပ်ပြီး ဇွန်လမှ စတင်တဲ့ သီးနံှရာသီအတွင်း ပုံမှန်မိုးရေရရှိရင် တန်ချိန် ၂၃၅ ဒသမ ၉ သန်းအထိ စံချိန်တင်ထုတ်လုပ်မှုရှိပါတယ်။ စာနပ် ရိက္ခာသီးနံှတန်ချိန် သန်း ၂၄ဝ ရရှိဖို့ ရည်မှန်းထားပေမဲ့ မိုးရွာသွန်းမှု ပုံမမှန်ဘူး ဆိုရင် ရည်မှန်းချက်နဲ့ လွဲချော်နိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။ လဝန်းး၊Source: commodityonline