ပီလောပီနံမှုန့်နှင့် ပို့ကုန်တိုးမြှင့်ကြီးထွားနိုင်မှု ထိုင်းပီလောပီနံထုတ်လုပ်မှုလုပ်ငန်းမှ လာမည့် (၅) နှစ်ကာလအတွင်း အာရှဈေးကွက်သို့ ပီလောပီနံအမှုန့်နဲ့ ပီလောပီနံ ထုတ်ကုန် တင်ပို့မှုတန်ဖိုး ဘတ်သန်း ၁ဝဝ သို့ ရောက်ရှိလာ မယ်လို့ ခန့်မှန်း ထားပါတယ်။ စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ ၂ဝ၁၆ ခုနှစ်ထိ စီမံကိန်းမှာ ပီလောပီနံမြစ်မှ အိသနောထုတ်လုပ်ရန် ပြည်တွင်းသုံးစွဲမှု တန်ချိန် ၁၃ သန်း၊ ပြည်ပတင်ပို့ရန် တန်ချိန် ၂၂ ဒသမ ၅ သန်း၊ စုစုပေါင်းထုတ်လုပ်မှုတန်ချိန် ၃၅ ဒသမ ၅ သန်းလျာထားပြီး လက်ရှိထုတ်လုပ်မှုပမာဏထက် ၄၂ ရာခိုင်နှုန်းတိုးမြှင့်ရန် လျာထားခဲ့ပါတယ်။ ကမ္ဘာ့ပီလောပီနံ ကွန်ဖရင့် ၂ဝ၁၁၌ ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ယန်ယွန်ဖူအန်ရာ့ချ်မှ ထိုင်းနိုင်ငံအနေနဲ့ ပီလောပီနံခြောက် အပြားများ (Chip & Pallets )တင်ပို့မှုအစား ပီလောပီနံမှုန့်ကို တိုးခဲျ့တင်ပို့သွားမှာဖြစ်ပါ တယ်။လက်ရှိပီလောပီနံထွက်ကုန်တင်ပို့မှုမှာ အမှုန့် ၅၁ ရာခိုင်နှုန်းပါဝင်ရာမှ ၆၅ ရာခိုင်နှုန်းထိ တိုးမြှင့်ရန် ခန့်မှန်းထားပြီး၊ ထိုင်းနိုင်ငံအနေနဲ့ ပြည်ပမှ ပီလောပီနံဝယ်ယူတင်သွင်းသူများနဲ့ ပြည်တွင်း သုံးစွဲသူများအား ပီလောပီနံထွက်ကုန်နဲ့ ပတ်သက်ပြီး အရည်အသွေးအပေါ် ယုံကြည်မှုရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းတင်ပို့သူများအနေနဲ့တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားစတဲ့ အာရှနိုင်ငံများသို့ ဈေးကွက်ခဲျ့ထွင်နိုင်ရေး အာမခံရန်နဲ့ ပီလောပီနံမှုန့် အရည်အသွေးအာမခံခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အာမခံစရိတ်သက်သာ ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအရှေ့မြောက်ဒေသ ပီလောပီနံကုန်သွယ်မှုအဖွဲ့ ဥက္ကဌ ပရာမို့ကွန်သုန်မှ ပီလောပီနံမှုန့်မှ အစားအစာ၊ စွမ်းအင်နှင့် အခြားစက်မှု လုပ်ငန်းများ၌ သုံးစွဲမှု တိုးတက်မည့် အလားအလာကောင်းများရှိပြီး ၅ နှစ်အတွင်း တင်ပို့မှုတန်ဖိုး ဘတ်သန်း ၁ဝဝ ရောက်ရှိမည်ဟု ယုံကြည်ကြောင်း၊ လတ်တလော၌ တရုတ်နှင့် အိန္ဒိယ ဝက်လက်များအတွက် ပီလောပီနံ မှုန့်စက်ရုံများတွင် ပိုမိုရင်းနှီးမြှုပ်နံှ လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပီလောပီနံမှာ ထိုင်းနိုင်ငံအတွက် အဓိကစီးပွားဖြစ်သီးနံှဖြစ်ပြီး၊ မိသားစု ငါးသိန်းအတွက် ဝင်ငွေနှင့် အလုပ်အကိုင်ရရှိစေပြီး စိုက်ဧက ၆ ဒသမ ၅ သန်းမှ ၇ သန်းထိ ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်စဉ်ပီလောပီနံဥတန်ချိန် ၂ဝ သန်းမှ ၂၅ သန်းထွက်ရှိနိုင်ပြီး ၇၅ ရာခိုင်နှုန်းမှာ ပြည်ပတင်ပို့နိုင်မယ်လို့ ပြောကြားပါတယ်။ ထိုင်းနိုင်ငံ ပီလောပီနံကုန်သည်များအသင်း ဥက္ကဌဆီရိဒင်ဂိုရာ လပ်မှ ယခုနှစ် ပီလောပီနံထွက်ကုန် တင်ပို့မှု တန်ဖိုးဘတ် ၇၃ သန်းလျာထားပြီး ၄၄ သန်းမှာ ပီလောပီနံမှုန့် တင်ပို့ရန်နဲ့ စက်တင်ဘာလ၌ ပီလောပီနံထုတ်လုပ်မှု သုတေသနပြီးပါက လျာထားမှုတန်ဖိုး အပြောင်းအလဲဖြစ်နိုင်ကြောင်း ပြောကြား ပါတယ်။ Source: ကမ္ဘာ့ပီလောပီနံ Conference 2011၊သောင်းနိုင်
Background