နယ်စပ်မှပရဆေး တင်ပို့/တင်သွင်းမှု မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်ကနေ ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း ပရဆေး (၂ဝ)မျိုး၊ ကန်ဒေါ်လာ ဝ ဒသမ ၈၂၄သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ အမယ်များကတော့မုတ်ခါး ၄ ဒသမ ၃ တန်၊ မာလာဥ ၁ဝ ဒသမ ၄ တန်၊ရှားစေး ၁၃ တန်၊ ဒရင်ကောက်မြစ် ၂၅ တန်၊ အုံတုံခေါက် ၂ဝ တန်၊ ကွမ်းစား ဂမုန်း ၉၇ တန်၊ ချဉ်ပေါင်ဖာလာ (အခွံမပါ) ၅ တန်၊ ငရုတ်ကောင်း ၄ ဒသမ ၅ တန်၊ စကားပန်းပွင့်ခြောက် ၉ တန်၊ တောဂျူးမြစ် ၂ ဒသမ ၇ တန်၊ နနွင်းခေါင်း ၂၂ တန်၊ နနွင်းတက် ၂ဝ၆ တန်၊ ဖန်ခါးသီးခြောက် ၄ တန်၊ မိချောင်းကွမ်းဖတ်စေ့ ၂၂ တန်ကျော်၊ ကျောက်ဂျင်း ၁ဝ တန် ကျော်၊ ကြောင်ပန်းစေ့ ၁၁ တန်၊ ကြောင်လျှာစေ့ ၂ တန်၊ တောဂျင်း ၉ တန်၊ တောင်လုံးကျော် ၇ တန်နီးပါးနဲ့ ရွေးရွက် ၃၄ တန်တို့ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးစခန်းရဲ့ ယခုအပတ် ပရဆေးတင်သွင်းမှုတွေကတော့ တောင် လုံး ကျော် ၆ ဒသမ ၈ တန်၊ ဇီယာ ၁ ဒသမ ၆ တန်၊ရှိန်းခိုသုည ဒသမ ၇၅ တန်နဲ့ ဖာလာ ဝ ဒသမ ၃ တန်၊ စုစုပေါင်း ဒေါ် လာ ဝ ဒသမ ဝ၁၁၆ သန်းဖိုး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)
Background