ဘရာဇီးကြံအထွက်နည်းခြင်းက သကြားဈေးကို မြှင့်တင် ကမ္ဘာ့ထိပ်တန်းတင်ပို့နေတဲ့ ဘရာဇီးနိုင်ငံမှာ ကြံထုတ်လုပ်မှုကျဆင်းခြင်းနဲ့ ပတ်သက်လို့ ကုန်သည်များ စိုးရိမ်လာကြတဲ့အတွက် ဇွန်လ ၂၈ ရက်နေ့သကြား ဈေးက ၃ လခွဲအတွင်း အမြင့်ဆုံးအဖြစ် ၅ ရာခိုင်နှုန်း ကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နှစ် ၃ဝ အတွင်း တစ်ပေါင်ကို ကန်ဒေါ်လာ ၃၆ ဒသမ ဝ၈ ဆင့်ထိ အမြင့်ဆုံးဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်း၊ အိန္ဒိယနဲ့ ဥရောပတို့ရဲ့ ရောင်းချမှုက မျှော်မှန်း ထားတာထက် ပိုမိုဖွယ်ရှိတာကြောင့် ဖေဖော်ဝါရီလမှ မေလအထိ သကြားဈေးက ၄၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၈ ရက်နေ့ CIE မှာ ဇူလိုင်လပို့ရမယ့် သကြားကြမ်းဈေးက ၄၄ ရာခိုင်နှုန်းမြင့်တက်ပြီးတစ်ပေါင်ကို ကန်ဒေါ်လာ ၂၉ ဒသမ ၃၈ ဆင့် ဖြစ်ခဲ့ပါတယ်။ အဲဒီလို သိသိသာသာမြင့်တက်ခြင်းက ဘရာဇီးနိုင်ငံရဲ့ သီးနံှထွက်ရှိမှုအလားအလာ အပေါ် စိုးရိမ်မှုတွေကြောင့်လို့ ဆိုပါတယ်။ တောင်အမေရိကနိုင်ငံဟာ ကမ္ဘာ့ ထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံနဲ့ ကမ္ဘာ့တင်ပို့မှုရဲ့ ထက်ဝက်ကျော်တင်ပို့တဲ့ အဓိက ကျတဲ့ သကြားဈေးကွက် ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်မှာ ဈေးနှုန်းမြင့်တက်ခဲ့ပြီးတဲ့နောက် အရန် သိုလှောင်မှုဟာ အလွန်အမင်း နိမ့်ကျလျက်ရှိတာကြောင့် ဘရာဇီးနိုင်ငံရဲ့ သီးနံှ အထွက် ပုံမှန်ရှိတဲ့တိုင် ဈေးနှုန်းမြင့်တက်မှုရှိနေဦးမယ်လို့ လေ့လာဆန်းစစ်သူ များကဆိုပါတယ်။ ကမ္ဘာ့လိုအပ်ချက်ဟာ မေလမှ အောက်တိုဘာလအတွင်း အမြင့် မားဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ အစောပိုင်းက ဘရာဇီးသကြားထွက်ရှိမှုကို တန်ချိန် ၃၅ သန်းအထိ မျှော်မှန်းထားခဲ့ပေမဲ့ မကြာသေးခင် သီတင်းပတ်များက တောင်သူများရဲ့ အထွက် နှုန်းလျော့ကျမှုကြောင့် တန်ချိန်၃၂ သန်း-၃၃သန်းကိုလျော့ကျမယ်လို့ ကုန်သည် များ ခန့်မှန်းထားပါတယ်။ ဘရာဇီးကြံထုတ်လုပ်မှုအသင်း (Unica) ခန့်မှန်းထား တာကတော့ လက်ရှိ ရာသီအတွက် သကြားထုတ်လုပ်မှုဟာ ရိတ်သိမ်းမှု စတင်တာ နောက်ကျ တဲ့အတွက် တန်ချိန် ၃၄ ဒသမ ၆ သန်းကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source:
Background