အိန္ဒိယ PEC နဲ့ STCတို့က ပဲဝယ်ယူဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင် အေဂျင်စီများဖြစ်တဲ့ PEC နဲ့ STC တို့ဟာ ပြည်ပက ပဲတန်ချိန် ၈၅ဝဝ နဲ့ တန် ၄ဝဝဝ စီဝယ်ယူဖို့ တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။ ယင်းတင်ဒါများဟာ ဇူလိုင်လ ၁၃ ရက်မှာ ပိတ်မှာဖြစ်ပါတယ်။ PEC မှ သြဂုတ်လအတွင်း မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းကို ပို့ရမယ့် ၂ဝ၁၁ ထွက် မြန်မာမတ်ပဲ FAQ တန် ၂ဝဝဝ နဲ့ မတ်ပဲ SQ တန် ၂ဝဝဝ၊ ဇူလိုင်လမှ သြဂုတ်လအတွင်း မွန်ဘိုင်းဆိပ်ကမ်းကို ပို့ရမယ့် ၂ဝ၁ဝ ခုနှစ်ထွက် သြစတြေးလျ ဒေစီကုလားပဲလုံးတန် ၂ဝဝဝ နဲ့ ၂ဝ၁၁ ခုနှစ်ထွက် တန်ဇန်းနီးယားဒေစီ ကုလားပဲတန် ၂ဝဝဝ တို့အပြင် သြဂုတ်လအတွင်း ချန်နိုင်းဆိပ်ကမ်းကို အရောက်ပို့ရမယ့် ၂ဝ၁၁ ထွက် သြစတြေးလျ ပဲတီစိမ်းတန် ၅ဝဝ တို့ တင်သွင်း သွားမယ်လို့ သိရပါတယ်။ STC အဂျင်စီမှ ဇူလိုင်နဲ့ သြဂုတ်လအတွင်း မွန်ဘိုင်းဆိပ်ကမ်းအရောက် ပို့ရမယ့် ၂ဝ၁၁ ခုနှစ်အတွက် တန်ဇန်းနီးယား ဒေစီကုလားပဲ တန် ၂ဝဝဝ နဲ့ ၂ဝ၁ဝ ခုနှစ်ထွက် သြစတြေးလျဒေစီကုလားပဲလုံးတန် ၂ဝဝဝ တို့တင်သွင်းဖို့ တင်ဒါခေါ်ယူထားကြောင်းလည်း သိရပါတယ်။ ယမင်းခင်၊Source: nns commodityonline
Background