ကုလားပဲကို FOB အဝယ်ရှိပေမဲ့ အရောင်းလျော့ ပြည်တွင်းလက်ကျန်နည်းလာပြီဖြစ်လို့ ပြည်ပအဝယ်ရှိပေမဲ့ ပြည်ပအရောင်း အဝယ်စာချုပ်ချုပ် ဆိုမှု လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ်အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ တန်ချိန် ၁၆ဝဝ ကျော်သာ အရောင်း အဝယ်စာချုပ် ချုပ်ခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း အရောင်းနည်းသွားနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ယခင်သီတင်းပတ်ဈေးအတိုင်း တစ်တန် ကန်ဒေါ်လာ ၈၅ဝ-၈၇ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT- MAPT
Background