Main menu

Background

ဝါဆိုမိုးဦးအလှူအတွက် ချင်းဥမများ ဈေးကွက်အဝင်လှိုင်

Tue, 07/12/2011 - 06:34 -- Anonymous (not verified)

ဝါဆိုမိုးဦးအလှူအတွက် ချင်းဥမများ ဈေးကွက်အဝင်လှိုင်                 အောင်ပန်းဈေးကွက်ကို ရှမ်းချင်း (ဥမ) တွေ အဝင်များနေပါတယ်။ ကလော၊ ပင်လောင်း၊ ပင်းတယစတဲ့ မြို့နယ်တွေက ထွက်တဲ့ချင်းတွေက အောင်ပန်းဈေး ကွက်ကို လှိုင်လှိုင်ဝင်လာတာဖြစ်ပြီး တစ်ရက်ကို ပိဿာချိန် သောင်းဂဏန်းရှိနေတယ်လို့ ချင်းပွဲရုံတွေထံက သိရပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပြည်၊ တောင်ငူ၊ မကွေး၊ နေပြည်တော်စတဲ့ မြို့တွေက ပြည်တွင်းသုံးဈေးပတ်သမားတွေ ဝယ်ယူ နေတာကြောင့် ပုံမှန်အရောင်းအဝယ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ တောင်သူ တွေကလည်း အာလူးဆေးစရိတ်၊ မြေသြဇာဖိုး၊ ခြံစရိတ်၊ အသုံးစရိတ်တွေနဲ့ ဝါဆိုဦးအလှူ လှူဖို့အတွက် ထုတ်ရောင်းနေတာကြောင့် အဝင်များနေတာဖြစ်ပါ တယ်။ အောင်ပန်းဈေးကွက်မှ ချင်း (ဥမ) ဈေးက တစ်ပိဿာ ၂၅ဝ ကျပ်မှ ၄ဝဝ  ကျပ်ဈေးရှိပါတယ်။                    ဟိုပုံးဈေးကွက်မှာလည်း အနီးပတ်ဝန်းကျင်ဖြစ်တဲ့ နမ့်ခုတ်က ချင်း (ဥမ)တွေ ဈေးကွက်ကိုဝင်နေတယ်လို့ သိရပါတယ်။ ဈေးကတော့ အရွယ်အစားအလိုက် ဈေးဖြတ်ကြပြီး ချင်းသေး၊ ချင်းနုတွေက တစ်ပိဿာ ၂ဝဝ ကျပ်-၂၅ဝ ကျပ်သာရှိပြီး၊ အခက်ကြီးတဲ့ ချင်းကတော့ တစ်ပိဿာ ၃ဝဝ ကျပ်နဲ့ ချင်းခြောက်က တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်