Main menu

Background

အိန္ဒိယပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိ

Sun, 07/17/2011 - 05:23 -- Anonymous (not verified)

အိန္ဒိယပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိ                  အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း ပဲတီစိမ်းအရောင်းအဝယ်ပါးပြီး ဈေးငြိမ်သလောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မဟာရပ်ရှတရာမှာ မိုးပြန်လည်ရွာသွန်းခဲ့တာကြောင့် ပဲစိုက်ပျိုးမှု တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးမှု နှောင့်နှေးနေတာကြောင့် ပဲတီစိမ်းစိုက်ဧရိယာတော်တော်များများဟာ ပြောင်းနဲ့ လူးတို့ကို ပြောင်းလဲစိုက်ပျိုးလာနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရေ အလုံအလောက်ရခြင်းနဲ့ အတူ သီးနံှအလား အလာ ကောင်းမွန်ခြင်းက ဈေးကွက်ကို လွှမ်းမိုးနေပါတယ်။ ဒါပေမဲ့ ပြန်လည်ရောင်းချသူများနဲ့ ပဲခွဲစက်များက အဝယ်ပြန် ကောင်းရင် တော့ ကာလတိုအတွင်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်တဲ့ ဈေးနှုန်းများကို ဖော်ပြ လိုက်ပါတယ်                                                                                                                                        ဒေါ်လာ/ တန်                                  ၁၃-၇-၁၁            ၁၂-၇-၁၁       ၁၁-၇-၁၁                 ၉-၇-၁၁မွန်ဘိုင်း (ကင်ညာ)          ၉၈၇                    ၉၈၅                -                         ၉၉၂ဒေလီ                           ၈ဝ၇-၈၅၂         ၈၅ဝ-၈၉၅       ၈၅၆-၉ဝ၂              ၈၅၆-၉ဝ၂အာကိုလာ                    ၈၃ဝ-၈၉၇          ၈၅ဝ-၉၄ဝ            -                       ၈၅၆-၉၄၇MIRT(MAPT)