Main menu

Background

ပိန်းရိုးခြောက်လုပ်ပြီး တစ်တန်ကို ဒေါ်လာ ၁ဝဝဝနဲ့ ကိုရီးယားကို ပို့ရအောင်

Mon, 07/18/2011 - 08:59 -- Anonymous (not verified)

ပိန်းရိုးခြောက်လုပ်ပြီး တစ်တန်ကို ဒေါ်လာ ၁ဝဝဝနဲ့ ကိုရီးယားကို ပို့ရအောင်                   မြန်မာပိန်းရိုးခြောက်များ ဝယ်ယူလိုကြောင်း ကိုရီးယား ကုမ္ပဏီတစ်ခုမှ ကမ်းလှမ်းထားတယ်လို့ ရွှေသဇင်ကုမ္ပဏီမှ ပြောပြပါတယ်။ ကိုရီးယားဝယ်လက်အနေနဲ့ တစ်နှစ်ကို ပိန်းရိုး တန် ၂ဝဝဝ မှ ၃ဝဝဝ အထိ ဝယ်ယူလိုကြောင်းနဲ့ ပိန်းရိုးခြောက် တစ် တန်ကို ကန်ဒေါ်လာ ၁ဝဝဝ မှ ၁၁ဝဝ အထိပေးဝယ်ဖို့ ကမ်းလှမ်း ခဲ့ပြီး ၎င်းတို့ဝယ်ယူမယ့် ပိန်းရိုးခြောက်လုပ်နည်းတို့ကိုပါ ထည့် သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။                      အလေ့ကျပေါက်တဲ့ ပိန်းရိုင်းရော စိုက်ပျိုးထားတဲ့ ပိန်းကိုပါ အခြောက် ခံနိုင်ကြောင်း၊ ပိန်းရိုးကို ရေသန့်စင်ပြီး အရှည် ၂ဝ စင်တီမီတာမှ ၆ဝ စင်တီမီတာအထိ ဖြတ်ရပါမယ်။ ၎င်းတို့အနေနဲ့ ပိန်းရိုးခြောက်အရှည် ၂ဝ စင်တီမီတာ၊ ၃ဝ ၊ ၄ဝ၊ ၅ဝ၊ ၆ဝ စင်တီမီတာတို့ကို လက်ခံမှာဖြစ်ပါတယ်။ ဖြတ်တောက်ပြီးပါက အခွံ ခွာပြီး နေသာတဲ့ရက်မျိုးမှာ တစ်ရက်သို့မဟုတ် နှစ်ရက်ခန့် အခြောက်လှန်းရပါမယ်။ အခြောက်လှန်းတဲ့အခါ နေနဲ့ တိုက်ရိုက်မထိစေဘဲ အရိပ်အောက်မှာ လေသလပ်ရမယ်လို့ဆိုပါတယ်။ အခြောက်ခံပြီး ပိန်းရိုးများကို ထုပ်ပိုးတဲ့အခါ ပုံပါအတိုင်း ပိန်းရိုးခြောက်နဲ့သာ ထုပ်ပိုးချည်နှောင်ရမှာဖြစ်ပြီး ပလတ်စတစ်ကြိုးကို (လုံးဝ) အသုံးမပြုရ ဘူးလို့ ဆိုပါတယ်။                  အခြောက်လှန်းပြီး ပိန်းရိုးများဟာ အစိမ်းရောင် သို့မဟုတ် အဖြူရောင် ဖြစ်နေရမှာဖြစ်ပြီး အညိုရောင်ဖြစ်နေတဲ့ ပိန်းရိုးခြောက် ကိုဝယ်ယူမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အဖြူရောင် ပီပီအိတ် တစ်လုံးကို ၂၅ ကီလိုထည့်ရမှာဖြစ်ပြီး ပေ ၂ဝ ရှိတဲ့ ကွန်တိန်နာမှာ ၁၄ တန်ထည့်သွင်းတင်ပို့ရမယ်လို့ ပြောကြားထားပါတယ်။ လယ် ယာထွက်ကုန်များ တင်ပို့ရာမှာ ထုံးစံအတိုင်းပါဝင်ရမယ့် ပိုးသတ်မှိုင်းတိုက်နဲ့ အပင်ပိုးမွှားရောဂါ သန့်စင်ကြောင်း (Fumigation & Phytosanitary)  လက်မှတ် လိုအပ်တယ်လို့လည်း ဆိုပါတယ်။                      ကိုရီးယား ဝယ်လက်များ ဝယ်ယူမယ့် ပိန်းရိုးခြောက်ဟာ ပိန်းရိုးခုတ်၊ အခွံနွှာပြီး အခြောက်ခံရုံ သက်သက်သာဖြစ်လို့ ရိုးရှင်းလွယ်ကူတဲ့နည်းနဲ့ မိသားစုတစ်နိုင်တစ်ပိုင် ဝင်ငွေရမယ့် လုပ် ငန်းပဲ ဖြစ်ပါတယ်။ ရွှေသဇင်ကုမ္ပဏီအနေနဲ့လည်း အမယ်သစ် အနေနဲ့တင်ပို့ဖို့ စိတ်ဝင်စားလျက်ရှိ တာကြောင့် ဒေသအသီးသီးက ပိန်းရိုးခြောက် ပြုလုပ်ရောင်းဝယ်လိုသူများ ရွှေသဇင်ကုမ္ပဏီ ဖုန်း- ဝ၁-၂၂၄၅၈၁၊ ၂၂၃၄၅၃ တို့နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။MIRT