ပဲတီစိမ်း FOB အရောင်းအဝယ် ပုံမှန်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို အဝယ်ပုံမှန်ရှိနေပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အထိ (တစ်ပတ်အတွင်း) ဈေးပိတ်ရက်ရှိခဲ့ပေမဲ့ ယခင်သီတင်းပတ်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပမာဏနီးပါး တန်ချိန် ၄၅ဝဝ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဝယ်လက်များမှ အရည်အသွေးနိမ့်ပဲများ ပိုမိုဝယ်ယူ တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် စုစုပေါင်း ၁၁၅ဝဝ ခန့် ပြည်ပအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင်လ ၂၁ ရက်မှာ ပဲတီစိမ်း (အညာ)တစ်တန် ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၁၁၅ဝ-၁၁၇ဝ ဈေးဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
Background