Main menu

Background

ပြည်ပအဝယ်အော်ဒါအသစ်မရလို့ အိန္ဒိယနနွင်းဈေးကျဆင်း

Tue, 07/26/2011 - 05:19 -- Anonymous (not verified)

ပြည်ပအဝယ်အော်ဒါအသစ်မရလို့ အိန္ဒိယနနွင်းဈေးကျဆင်း                အိန္ဒိယနိုင်ငံ အီရော့ဈေးကွက်မှာ ဇူလိုင်လ ၂ဝ ရက်က နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၄ဝဝဝ (ကန်ဒေါ်လာ ၉ဝ ဒသမ ၂၂) ကျဆင်းခဲ့လို့ ထုတ်လုပ်ထားတဲ့ ပမာဏရဲ့ ၇ဝ ရာခိုင်နှုန်းကို မရောင်းချဘဲ ရှိနေတယ်လို့ သိရပါတယ်။ ကုန်သည်များ မှာ လွန်ခဲ့တဲ့ ၃ ရက်အတွင်း အဝယ်အော်ဒါမရရှိတာကြောင့် လက်ငင်းဈေးမှာ ဈေးအနိမ့်နဲ့ ကမ်းလှမ်းလို့ နနွင်းတောင်သူများဟာ သိုလှောင်မှုရဲ့ ၃ဝ ရာခိုင်နှုန်းသာ ရောင်းချမှုရှိတယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗွီရှန်ကာမှ ပြောကြားပါတယ်။              လက်ရှိနှစ်အတွင်း နနွင်းအဝါမျိုးကို ဈေးမြင့်မယ်မှန်းပြီး တောင်သူတော်တော်များများ စိုက်ပျိုးကြလို့ နောက်နှစ်မှာ များများဝင်လာမယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ထုတ်လုပ်မှု နိမ့်ကျတာကြောင့် တစ်တန်ကို ရင်းဂစ် ၁၇၅ဝဝဝ (ကန်ဒေါ်လာ ၃၉၄၇) ထိမြင့်တက်ခဲ့ပေမဲ့ ယခုနှစ်မှာ ဝင်ရောက်မှုများလာတာကြောင့် ဈေးနှုန်း အဆက်မပြတ် ကျဆင်းလာခဲ့ပါတယ်။ စက်တင်ဘာလတိုင်အောင် ဈေးမြင့်တက်လာမယ့် အလားအလာမမြင်ဘူးလို့ ရှန်ကာမှ ပြောကြားပါတယ်။ အလားတူ နီဇမ်မာဘတ်နဲ့ ဆင်းလီဈေးကွက်များမှာလည်း အိန္ဒိယမြောက်ပိုင်းကုန်သည်များက အဝယ်အော်ဒါ အကန့်အသတ်သာ ရှိလို့ ဈေးအကျ နဲ့ ရောင်းချနေတယ် လို့ ဆိုပါတယ်။ အီရော့နနွင်း ကုန်သည်များအသင်းရုံးမှာ နနွင်းဈေး တစ်တန်ကို ရူပီး ၄ဝဝဝ (ကန်ဒေါ်လာ ၉ဝ ဒသမ ၂၂) နဲ့ စပ်မျိုးနနွင်းဈေးက တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ဒသမ ၅၅) လျော့ကျခဲ့ပြီး နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၅၁ဝ၆ဝ-၇၁၁၅ဝ (ကန်ဒေါ်လာ ၁၁၅၂-၁၆ဝ၅)၊ နနွင်းဥဈေး တစ်တန် ရူပီး ၄၈၁၉ဝ-၆၁၁၉ဝ (ကန်ဒေါ်လာ ၁ဝ၈၇-၁၃၈ဝ) ဈေးနဲ့ ရောင်းဝယ်ကြတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: businessline