ယခုအပတ် နယ်စပ်မှ ရော်ဘာပိုတင်ပို ဇူလိုင်လ ၁၃ရက်မှ ၁၉ ရက်ထိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၂၄၇ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ တန် ၅ဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ပြီးခဲ့တဲ့အပတ်ကထက် တန် ၂ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ RSS-3 ၂၂၁ တန်ကျော်၊RSS-5 ၁ဝ၅ တန်၊MSR-20 ၁ဝ၅ တန်ကျော်နဲ့ မြိတ်နယ်စပ်မှ MSR-50 တန် ၇ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်မှ ယခင်အပတ်ကထက် တန် ၂၁ဝ ပိုမိုတင်ပို့ခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မှ အပို့ မရှိသော်လည်း မြိတ်မှ အပို့ရှိခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများ အနည်းငယ်ကျလျက်ရှိပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၄ဝ၅၈၂ဝ ၃၄၁၃၈ဝ၇ ၇၉၈၇ ဝ .၂ ၄၃၃၁ ၄၃၃၂ ၁ ဝ .ဝ၂RSS-5 ၃၁၇၆၂၆၉ ၃၁၈၄၃၅၈ ၇၇၈၉ ဝ .၂ ၄၂၅၄ ၄၂၅၅ ၁ ဝ .ဝ၂MIRT (DOBT)
Background