ဝယ်လက်ရှိလို့ ရှမ်းချင်းဈေးကောင်းလာ ဒီတစ်ပတ်မှာလည်း ရှမ်းချင်းစိုဈေးက ထပ်ထက်လာပါတယ်။ စစ်တွေဝယ် လက်တွေက ရန်ကုန်မှာ အထိုင်ချပြီးဝယ်ယူနေတယ်လို့ သိရပါတယ်။ ရှမ်းချင်း တွေကို ပြည်ပတင်ပို့ဖို့အတွက် ဝယ်ယူလာတာကြောင့် ဝယ်လိုအားကောင်းနေတယ် လို့လည်း သိရပါတယ်။ သယ်ယူခတွေကတော့ ရန်ကုန် - စစ်တွေ သယ်ခက တစ်ပိဿာ ၂ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းကနေ တောင်ကုတ်ကိုလည်း သယ်ယူနေကြပြီး သယ်ခကတော့ တစ်ပိဿာ ၉၅ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားရှိလာတာကြောင့် ဈေးကလည်း တဖြေးဖြေးတက်လာ ပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက ဒီတစ်ပတ်မှာ တစ်ပိဿာ ၃၅ဝ ကျပ်မှ ၄ဝဝ ကျပ်အထိ ဈေးရှိလာပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဒီနှစ်ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြားသီးနံှတွေ အရောင်းအဝယ်မကောင်းပေမဲ့ ချင်းသီးနံှက ရာသီအစမှာတင် ရောင်းတန်းဝင်နေ တဲ့ သီးနံှဖြစ်နေတယ်လို့ အောင်ပန်းဒေသခံတွေထံမှ သိရပါတယ်။ ဟိုပုံးဈေးကွက် မှာတော့ ချင်းစို တစ်ပိဿာ ၄ဝဝ ကျပ်နဲ့ ချင်းခြောက် တစ်ပိဿာ ၁၈၅ဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
Background