Main menu

Background

စင်ကာပူနိုင်ငံကို နနွင်း ၁၁ တန်ကျော် တင်ပို့

Sun, 07/31/2011 - 06:14 -- Anonymous (not verified)

စင်ကာပူနိုင်ငံကို နနွင်း ၁၁ တန်ကျော် တင်ပို့                ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း နနွင်း ၁၁ ဒသမ ဝ၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံဘဲဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၇၅ တန်တင်ပို့ခဲ့တဲ့ နနွင်းက ဒီသီတင်းပတ်မှာ အပို့ လျော့ခဲ့ပါတယ်။ ဇူလိုင်ပထမပတ်နဲ့ ဒုတိယပတ်မှာ တစ်တန်ကို ကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်ရရှိခဲ့တဲ့ နနွင်းဈေးက ဒီတစ်ပတ်မှာ ကန်ဒေါ်လာ ၁၈၉ဝ ထိဈေး ရရှိခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၈၉ဝ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သောင်းကျော်ရရှိခဲ့ပါတယ်။              MIRT(DOT)