အရည်အသွေးပေါ် မူတည်ပြီး အဝယ်ရှိတဲ့ ရှမ်းနနွင်း ရှမ်းနနွင်းက ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးသာရှိတယ်လို့ သိရပါတယ်။ နနွင်းခေါင်းက ဝယ်လက်ရှိပေမဲ့ ပစ္စည်း လက်ကျန်မရှိတော့ဘူးလို့ သိရပါတယ်။ လက်ကျန်ရှိတဲ့ နနွင်းတွေကတော့ အရည်အသွေးညံ့တာတွေ များနေတာကြောင့် ဝယ်လက်မကြိုက်တဲ့ ပစ္စည်းဖြစ်တယ်လို့လည်း သိရပါတယ်။ အရင်နှစ် နနွင်းဈေးကွက်က ရောင်းသူ၊ ဝယ်သူမျှနေပေမဲ့ ဒီနှစ် နနွင်းဈေးကွက်က ရောင်းလိုအားကောင်းပြီး ဝယ်လိုအားနည်းတာကြောင့် လွန်ခဲ့တဲ့ ၄ နှစ်ကလို လက်ကျန်များများမကျန်မဲ့ နှစ်လည်းဖြစ်ပါတယ်။ ပြည်တွင်းသုံးဝယ်သမားတွေကတော့ ဟိုပုံးနနွင်းအစား အရည်အသွေးအနည်းငယ်ကောင်းတဲ့ ပင်လောင်း နနွင်းအဝါစတွေကို ဝယ်ယူနေကြပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၁၈ဝဝ ကျပ်ရှိပြီး ပင်လောင်းနနွင်းအဝါစက ၇ဝဝ ကျပ်-၈ဝဝ ကျပ်သာရှိတာကြောင့် ဈေးကလည်း ခေါက်ခိုျးကွာလို့ ဈေးသက်သာတဲ့ ပစ္စည်းတို့သာ ဝယ်ယူတယ်လို့လည်း သိရပါတယ်။ ဆင်တောင်နနွင်းက တစ်ပိဿာ ၃ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
Background