အိန္ဒိယမတ်ပဲဈေး အကျဘက်ကို ဆင်းနေဆဲ အိန္ဒိယပြည်တွင်းဈေးကွက်တွင် မတ်ပဲဝယ်လိုအားနည်းနေပြီး အရောင်းအဝယ် ပါးလျက်ရှိပါတယ်။ စိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မတ်ပဲစိုက် ဧရိယာဟာ ပြီးခဲ့တဲ့နှစ်ထက် ပိုမိုပြီး အဓိက ပဲစိုက်ဒေသတွေမှာ ရာသီဥတုကောင်း မွန်နေတယ်လို့ သိရပါတယ်။ ပဲစိုက်ဒေသများရဲ့ ရာသီဥတုမှာ သီးနံှအကြိုက် ဖြစ်နေလို့ သီးနံှဖြစ်ထွန်းအောင်မြင်မယ့် အလားအလာရှိတာကြောင့် ဈေးကွက်တွေ မှာ ဝယ်လိုအားနည်းနေခြင်းဖြစ်ပါတယ်။ PEC မှ မတ်ပဲတင်သွင်းရန် တင်ဒါခေါ်ပြီး ဖြစ်သော်လည်း နိုင်ငံတကာ မတ်ပဲဈေးနှုန်းများမှာ သိသိသာသာမြင့်တက် လာခြင်း မရှိသေးကြောင်း သိရပါတယ်။ အဓိကဈေးကွက်များမှာ ဝယ်လိုအား အလွန်နည်းပါး နေဆဲဖြစ်ပြီး ပြုပြင်ပြီးမတ်ပဲ ဝယ်လိုအားကလည်း အကန့်အသတ်သာရှိတဲ့အတွက် ဈေးနှုန်းအကျဘက် ဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၄-၈-၁၁ ၃-၈-၁၁ ၂-၈-၁၁ ၁-၈-၁၁ ၃ဝ-၇-၁၁မွန်ဘိုင်း ၈၁ဝ ၈၁၇ ၈၃၁ ၈၄၆ ၈၄၃ဒေလီ ၈၂၂-၈၅၅ ၈၂၂-၈၅၆ ၈၃၇-၈၇ဝ ၈၄ဝ-၈၇၄ ၈၃၇-၈၇၁ချန်နိုင်း ၈၁၆-၉၂၉ ၈၁၇-၉၂၉ ၈၂၅-၉၄၄ ၈၃၄-၉၅၁ ၈၂၉-၉၄၂MIRT(MAPT)
Background