မလေးရှားမှာ သဘာဝရော်ဘာထုတ်လုပ်မှု တိုးမြှင့်မည် မလေးရှားနိုင်ငံက ယခုနှစ်မှာ ရော်ဘာပို့ကုန် ၂ ဆတိုးမြှင့် တင်ပို့နိုင်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ရော်ဘာကုန်ကြမ်းတွေရဲ့ ဝယ်လိုအား ကောင်းလာကြောင်း ကုန်စည်များနှင့် စက်မှုကုန်ကြမ်းသီးနံှဆိုင်ရာဝန်ကြီးဌာန (Plantation Industries and Commodities Ministry) နဲ့ ကုန်ပစ္စည်း ဌာနဒုတိယဝန်ကြီးကပြောကြားခဲ့ပါတယ်။ ၂ဝ၁၁ မှာရော်ဘာတင်ပို့မှုကနေ ရင်းဂစ် ၁၄ ဒသမ ၄ ဘီလီယံ (ဒေါ်လာ ၄ ဒသမ ၈၉ ဘီလီယံ) ရရှိနိုင်ပြီး ၂ဝ၁ဝ ရရှိငွေ ရင်းဂစ် ၁၂ ဒသမ ၉၆ဘီလီယံထက် ၁၁ ရာခိုင်နှုန်းတိုးတက်တင်ပို့နိုင်မယ်လို့ သိရပါတယ်။ ၂ဝ၁၁ ပထမ နှစ်ဝက်မှာ ရော်ဘာထုတ်လုပ်မှု ၄၈ဝဝဝဝ တန်ရှိပြီး လွန်ခဲ့တဲ့နှစ် အလားတူကာလက ၄၅ဝဝဝဝ တန်ရှိခဲ့ကြောင်းသိရပါတယ်။ ခြေအိတ်နဲ့ တာယာကဲ့သို့သော ရော်ဘာထုတ်ကုန်တွေက မလေးရှားရဲ့ ပို့ကုန်မှာ ၂ ရာခိုင်နှုန်းပါဝင်ကြောင်းသိရပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ်တို့က တစ်နှစ်ပတ်လုံးသဘာဝရော်ဘာထုတ်လုပ်ပြီး ကမ္ဘာ့တင်ပို့မှုရဲ့ ၉၃ ရာခိုင်နှုန်းကို တင်ပို့ ကြောင်း သတင်းရရှိပါတယ်။ Source;msn.KZW
Background