Main menu

Background

ဇူလိုင်လအတွင်း မိုးရေချိန်နည်းတာကြောင့် အိန္ဒိယပဲစင်းငုံအထွက် ကျဆင်းဖွယ်ရှိ

Sun, 08/21/2011 - 05:39 -- Anonymous (not verified)

ဇူလိုင်လအတွင်း မိုးရေချိန်နည်းတာကြောင့် အိန္ဒိယပဲစင်းငုံအထွက် ကျဆင်းဖွယ်ရှိ                   အိန္ဒိယရဲ့ဇူလိုင်လမှာ မိုးရွာသွန်းမှုနည်းပြီး သြဂုတ်လ လက်ရှိအချိန်တိုင်အောင်လည်း မိုးများများရွာသွန်းမှုမရှိလို့ ပဲစိုက်ပျိုးမှုကို ထိခိုက်နေပါတယ်။ အထူးသဖြင့် ပဲစင်းငုံကို ထိခိုက် နိုင်တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးမှုဟာ ယခင်နှစ်ထက် ဟက်တာ၉၃ဝဝဝဝလျော့ကျပါတယ်။ အကြီးမားဆုံးလျော့ကျ တာလည်း ပဲစင်းငုံပဲလို့ ဆိုပါတယ်။ သြဂုတ်လ ၅ ရက်မှာ ပဲစင်းငုံ စိုက်ဟက်တာ ၂ ဒသမ ၉ သန်းဝန်းကျင်သာ စိုက် ပျိုးပြီးလို့ ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းနီးပါး လျော့ ကျနေပါတယ်။                          ၂ဝ၁ဝ-၁၁ အတွင်း မိုးပဲမျိုးစုံထုတ်လုပ်မှု တန်ချိန် ၇ ဒသမ ၁၂ သန်းအထိ မြင့်တက်မှုကို မီနိုင်မယ့် အခြေအနေ မရှိဘူးလို့ ခန့်မှန်းထားပါတယ်။ ယခင်နှစ်က စုစုပေါင်း ပဲထွက်ရှိမှုဟာ တန်ချိန် ၁၈ သန်းထိ မြင့်တက်မှုဟာ ပထမအကြိမ် ဖြစ်ခဲ့ပါတယ်။ ယခုနှစ် ကာနာတာကာ၊ အင်ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှာ ကနဦးမိုးရွာသွန်းခြင်းနည်းတာကြောင့် ပဲစင်းငုံထုတ်လုပ်မှုက မျှော်လင့်ချက်ရောင်ခြည်ကို မှေးမှိန်စေခဲ့ တယ်လို့ အစိုးရအရာရှိတစ်ဦးက ဆိုပါတယ်။ စိုက်ဧကလျော့ ကျမှုကို ကာမိစေဖို့ တစ်ဟက်တာအထွက်နှုန်း တိုးတက်မှုပေါ် မှာ အများကြီး မူတည်နေပါတယ်လို့ ဆိုပါတယ်။                          ကာနာတာကာမှာ ပဲစင်းငုံစိုက်ဧရိယာဟာ လက်ရှိ အချိန်ထိ ၃ဝ ရာခိုင်နှုန်းဝန်းကျင်လျော့ကျနေပြီး မဟာရပ် ရှတရာမှာ ယခင်နှစ်ကာလတူထက် ၁၆ ရာခိုင်နှုန်းဝန်းကျင် နည်းနေပါတယ်။အင်ဒရာပရာဒေ့ရှ်မှာ ပဲစင်းငုံစိုက်ဧရိယာဟာ ယခင်နှစ်ကာလတူထက် ၄၆ ရာခိုင်နှုန်းနီးပါးကျဆင်းနေ ပါတယ်။ အစိုးရက ကာနာတာကာမှာ ပဲစင်းငုံစိုက်ဧရိယာကို ၄ဝ ရာခိုင်နှုန်းတိုးပြီး ဟက်တာ ၈၆ဝဝဝဝ၊ မဟာရပ်ရှတရာ မှာ ၁ဝ ရာခိုင်နှုန်းတိုးပြီး ဟက်တာ ၁ ဒသမ ၂ သန်းအထိ စိုက်ဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမိုးရာသီအတွင်း မတ်ပဲလို အခြားပဲစိုက်ပျိုးတာ ယခင်နှစ်ထက် ပိုမိုပေမဲ့ ၎င်းတို့ရဲ့ ဝေစုဟာ စုစုပေါင်းထုတ်လုပ်မှုထဲမှာ အလွန်ပဲ နည်းတယ်လို့ဆိုပါတယ်။                          မိုးသီးနံှများအနက် စပါး၊ ကြံ၊ ဆီထွက်သီးနံှနဲ့ ဝါအပါ အဝင် အခြားသီးနံှများကတော့ မနှစ်ကထက် စိုက်ပျိုးမှု ပိုတယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၁၃ ရက်ကနေစပြီး မိုးရွာ သွန်းမှုအားကောင်းနိုင်တဲ့ ခန့်မှန်းချက်တော့ သတင်းကောင်းပါလို့ ဆိုပါတယ်။ ဒါပေမဲ့ စိုက်ပျိုးဖို့ အရမ်းနောက်ကျနေပြီ ဖြစ်ပြီး မိုးသီးနံှအများစုစိုက်ပျိုးမှုက သြဂုတ်လကုန်မှာ အချိန် လွန်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုဟာ နှစ် ၅ဝ အတွင်း ပျမ်းမျှမိုးရေချိန် (LPA)  ရဲ့ ၈၆ ရာခိုင်နှုန်းသာရှိလို့ အစောပိုင်း မိုးလေဝသဌာနက ခန့်မှန်းမှုထက် ၇ ရာခိုင်နှုန်းလျော့နည်း တယ်လို့ ဆိုပါတယ်။ သြဂုတ်လမှ စက်တင်ဘာလအတွင်း စုစု ပေါင်း မိုးရွာသွန်းမှုဟာလည်း (LPA) ရဲ့ ၉ဝ ရာခိုင်နှုန်းသာ ရှိနိုင်တယ်လို့ ပုံမှန်ထက် လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ ယမင်းရွှေစင်၊ Source: sifyfinance