နနွင်းတန် ငါးဆယ်ကျော်တင်ပို့ သြဂုတ်လ ၇ ရက်မှ ၁၃ ရက်တာ ကာလအတွင်း နနွင်း ၅၉ ဒသမ ၄၇ တန် ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက သြစတြေးလျနိုင်ငံကို ၁ ဒသမ ၄၇ တန်၊ မလေးရှားကို ၁၃ တန်၊ ပါကစ္စတန်ကို တန် ၃ဝနဲ့ ရီမင်နိုင်ငံကို ၁၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ဒီသီ တင်းပတ်မှာတော့ နနွင်းတစ်တန်ကို အက်ဖ်အိုဘီ ဈေးပျမ်းမျှကန်ဒေါ်လာ ၁၅၅ဝ ဝန်းကျင်ပဲ ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ကိုးသောင်းကျော် ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန် ၃ဝ သာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ ယခင်အပတ်ထက် တန်ချိန် သုံးဆယ်နီးပါးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOT)
Background