Main menu

Background

ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုလျော့

Tue, 08/23/2011 - 06:54 -- Anonymous (not verified)

ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုလျော့                  ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိကာလအတွင်း ပင်လယ်ရေ ကြောင်းမှ ပြောင်း ၂ဝ၆၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၅၉၈ သန်းဖိုးတင်ပို့ ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ နိုင်ငံတို့ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၈ဝဝ ကျော်လျော့နည်းတင်ပို့ခဲ့ တာတွေ့ရပါတယ်။ပင်လယ်ရေကြောင်းအပို့လျော့ပေမဲ့နယ်စပ်ကုန်သွယ်ရေး ကတော့တန် ၁ဝဝဝဝကျော် ပုံမှန်တင်ပို့တာကိုတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ၊ တစ်တန်ကို ဒေါ်လာ၂၉ဝ-၃၁ဝ ကြားဈေးရ လျက်ရှိပါတယ်။      KZW