ယခုအပတ် နယ်စပ်မှ ဂဏန်းတင်ပို့မှုပို မူဆယ် ၁ဝ၅ မိုင် ရေထွက်ကုန်ကုန်စည်ဒိုင်မှတစ်ဆင့် ရေထွက်ကုန်များ တင်ပို့လျက်ရှိရာ ယခု အပတ်မှာ ကဏန်း တင်ပို့မှု ၂၇ တန် ပိုမိုခဲ့ပါတယ်။ မူဆယ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၆၉၅ သန်း တန်ဖိုးရှိ ငါးရှဉ့် ၂၇၄ တန်ကျော်၊ ကန်ဒေါ်လာ ဝ ဒသမ ၃၈၁ သန်းတန်ဖိုးရှိ ဂဏန်း ၁၄၈ တန်ခန့်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၁၇ သန်းတန်ဖိုးရှိ ရေငန်ငါးမျိုးစုံ ၃၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၄၈ တန်၊ ရေငန်ငါးမျိုးစုံ ၅ တန်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ကုန်ကြမ်းစတင် စုဆောင်းသောအရပ်များတွင် မိုးသည်းထန်စွာရွာသွန်းနေမှုများကြောင့် ပစ္စည်းစုဆောင်းရခက်ခဲခြင်း၊ သယ်ယူပို့ဆောင်မှု အခက်အခဲ များရှိခြင်းကြောင့် ကုန်တက်နည်းရခြင်းဖြစ်ပါတယ်။ ယခုအပတ်မှာ ဂဏန်းဈေးများ ပိုရတာတွေ့ရပါတယ်။ ကုန်တက်နဲ့ ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး ငါးရှဉ့်ဒိုင်မှ ကြားခံဈေးသတ် မှတ်ပေးလျက်ရှိတာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့် ၁၉၃၂၅ဝဝ ၁၉၆၃ဝဝဝ ၃ဝ၅ဝဝ ၁ .၆ ၂၅ဝဝ ၂၆ဝဝ ၁ဝဝ ၄ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက် ၂၅၄၃၁၇ဝ ၂၃၄ဝ၅ဝဝ ၂ဝ၂၆၇ဝ ၈ ၃၂၉ဝ ၃၁ဝဝ ၁၉ဝ ၆၂ဝဝ-၂၅ဝ ဂရမ် ၂၃၈၈၅၇ဝ ၂၁၈၉၅ဝဝ ၁၉၉ဝ၇ဝ ၈ ၃ဝ၉ဝ ၂၉ဝဝ ၁၉ဝ ၆၁၅ဝ-၂ဝဝ ဂရမ် ၂၂၃၃၉၇ဝ ၂ဝ၃၈၅ဝဝ ၁၉၅၄၇ဝ ၉ ၂၈၉ဝ ၂၇ဝဝ ၁၉ဝ ၇၁ဝဝ-၁၅ဝ ဂရမ် ၂၁၁၈ဝ၂ဝ ၁၉၂၅၂၅ဝ ၁၉၂၇၇ဝ ၉ ၂၇၄ဝ ၂၅၅ဝ ၁၉ဝ ၇MIRT(DOBT)
Background