Main menu

Background

ဈေးအေးသော်လည်း အရောင်းသွက်တဲ့ မုံရွာပဲတီစိမ်း

Tue, 08/23/2011 - 09:59 -- Anonymous (not verified)

ဈေးအေးသော်လည်း အရောင်းသွက်တဲ့ မုံရွာပဲတီစိမ်း                    သြဂုတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီး ဈေးကွက်မှာ နယ်စုံက ပဲသစ်တွေ ဝင်လာသလို အရောင်းလည်းသွက်ခဲ့ပါတယ်။ အဟောင်းသမားတွေလည်း ငွေလိုလို့ ထုတ်ရောင်းခဲ့ကြတဲ့အတွက် ယခုတစ်ပတ်အတွင်း ပဲတီအဟောင်း၊ အသစ်အရောင်းအဝယ်ဖြစ်ခဲ့ရာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်လျှင် အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားရှိခဲ့တယ်လို့သိရပါတယ်။ ပုံမှန်ဆွဲလက် မန္တလေးအပြင် ဈေးအချို ကြိုက်တဲ့ ရန်ကုန်ဝယ်လက်ပါဝယ်လို့ အခုလို အရောင်းအဝယ်သွက်ခြင်း ဖြစ်တယ် လို့ ကုန်သည်အသိုင်းအဝိုင်းက ဆိုပါတယ်။ ယခုအပတ်အတွင်း စိမ်းကြီး တစ်တင်း အမြင့်ဆုံး ၁၈၅ဝဝ ကျပ်မှ အနိမ့်ဆုံး ၁၆၅ဝဝ ကျပ်ထိ ပေါက်ခဲ့ပြီး စီးထွက်မှုအနေနဲ့ မန္တလေးကိုတင်း ၅ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃ဝဝဝ ကျော်ရှိခဲ့တယ်လို့ ဈေးကွက် က ဆိုပါတယ်။ ထွန်းလှိုင်