ယခုအပတ် နယ်စပ်မှ ပရဆေးကုန်သွယ်မှုပိုမို ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၆ဝဝ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန် ၃၂ဝ ကျော်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ထက် ၁၂၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မာလာဥ၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ စကားပန်းပွင့်ခြောက်၊ နနွင်းတက် (ရှမ်းစ)၊ မိကျောင်း ကွမ်းဖတ်စေ့၊ မာလာဥခေါင်း၊ ကြောင်လျှာစေ့၊ ကြောင်ပန်းစေ့နဲ့တောဂျင်းတို့ပဲဖြစ်ပါတယ်။ ယခင်အပတ်ကထက် ကွမ်းစားဂမုန်း၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့များကို ပိုမိုတင်ပို့နိုင်ခဲ့ပြီး မာလာဥသာ ယခင်အပတ် တင်ပို့မှုထက် လျော့ နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ဒရင် ကောက်မြစ်၊ ချဉ်ပေါင်ဖာလာ၊ စကားပန်းပွင့်ခြောက်၊ မာလာဥခေါင်း၊ ကြောင်လျှာ စေ့နဲ့ တောဂျင်းများလည်း တင်ပို့မှုရှိခဲ့တာဖြစ်ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၆ သန်းတန်ဖိုးရှိ ဖာလာ ဝ ဒသမ ၇ တန်၊ ဇာတိပ္ဖိုလ်သီး ဝ ဒသမ ၂ တန်၊ မင်သော် ၂ တန်နဲ့ ရှိန်းခို ၁ ဒသမ ၄၄ တန်၊ စုစုပေါင်း ၄ ဒသမ ၃၄ တန် အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကနဲ့ နှိုင်းယှဉ်လျှင် တင်သွင်းမှု ပမာဏနည်းသော်လည်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၁ သန်းဖိုးပိုမိုခဲ့ပါတယ်။MIRT(DOBT)
Background