Main menu

Background

အိန္ဒိယ ပဲတီစိမ်း ဈေးသိသိသာသာ မြင့်တက်

Sun, 08/28/2011 - 04:56 -- Anonymous (not verified)

အိန္ဒိယ ပဲတီစိမ်း ဈေးသိသိသာသာ မြင့်တက်              အိန္ဒိယပြည်တွင်းဈေးကွက်အနံှ့အပြားမှာ ဝယ်လိုအား အဆက်မပြတ်ရှိနေတာကြောင့် ယခုတစ်ပတ် ပဲတီစိမ်းဈေးက သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ နိုင်ငံအနံှ့အပြားက ပဲအသစ်တွေ သြဂုတ်လကုန်ပိုင်းမှာ စတင်ဝင်လာတော့မှာဖြစ်ပေမယ့် ကုန်သည်တွေကတော့ ပဲအရည်အသွေးပေါ် စိုးရိမ်နေကြပါတယ်။ နိုင်ငံအလယ် ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်း နေတာကြောင့် သီးနံှအတွက် နေရောင်လိုအပ်နေပါတယ်။ နိုင်ငံ တောင်ပိုင်းက ပဲတီစိမ်းစိုက်ပျိုးမှု သိသိသာသာ နှေးကွေး နေတယ်လို့ သိရပါတယ်။ ပဲအထွက် လျော့ကျဖွယ်ရှိခြင်းနဲ့ အရည်အသွေးပေါ် စိုးရိမ်မှုများကြောင့် ပဲတီစိမ်းဈေး ဆက်လက် ခိုင်မာဖွယ်ရှိတယ်လို့ ကုန်သည်များက သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက် ပါတယ်။      ဒေါ်လာ/ တန်                                   ၂၅-၈-၁၁        ၂၄-၈-၁၁          ၂၃-၈-၁၁            ၂ဝ-၈-၁၁မွန်ဘိုင်း (ကင်ညာ)        ၁ဝ၁၈-၁ဝ၃၉       ၉၃၉                 ၉၅၂                ၉ဝ၉-၉၁၄ဒေလီ                                   -             ၇၆၅-၈ဝ၈         ၇၆၆-၈၁ဝ            ၇၆၇-၈၁ဝအာကိုလာ                     ၇၅၈-၁ဝ၃၉     ၇၆၅-၁ဝ၄၉       ၇၆၆-၉၈ဝ           ၇၆၇-၈၇၆MIRT(MAPT)