ထိုင်းခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးဆောင်ရွက် ၂ဝ၁၅ ခုနှစ်အတွင်း အာဆီယံနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ မဲခေါင်မြစ်ဝှမ်း ဒေသ၊ အီဆန်ဒေသနဲ့ မြောက်ပိုင်းဒေသများမှာ ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဈေးကွက် စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နံှမှုလုပ်ငန်းတွေကို လွတ်လပ်စွာ လုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်။ ပြောင်းလဲမှုနဲ့အညီ ထိုင်းခရီးသွားလုပ်ငန်းရှင်များ အသင့်ဖြစ်နေစေရန် ပြင်ဆင်ထားရမယ်လို့ ချင်းရိုင်းခရိုင်ခရီးသွားလုပ်ငန်းဌာန ညွှန်ကြားရေးမှူး နန်းဟတ်ချရီကာဗနီဆင်က ပြောကြားခဲ့ပါတယ်။ အာဆီယံ၊ တောင်အာရှ၊ တောင်ပစိဖိတ်ဈေးကွက်နဲ့ ထိုင်းမြောက်ပိုင်းတို့ရှိ ခရီးသွားလုပ်ငန်း ၈ခုတို့ ပူးပေါင်းပြီး (Greater Mekong Subregion) မဟာမဲခေါင်မြစ်ဝှမ်းဒေသအဖွဲ့ဝင်နိုင်ငံများအတွင်း ခရီးသွားလုပ်ငန်း ဈေးကွက်တိုးခဲျ့ဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ပညာပေးအစီအစဉ်ကျင်းပပြုလုပ်သတ်မှတ်ခဲ့တယ်လို့ သူကဆိုပါတယ်။ လာမဲ့ သြဂုတ် ၂၅ရက်နဲ့ ၂၆ ရက်နေ့များမှာ ချင်းရိုင်းခရိုင်၊ မဲဖာလုံးတက္ကသိုလ်ရှိ ဝနာစဝမ်အစည်းအဝေးခန်းမမှာ ထိုင်းနိုင်ငံအလယ်အလတ်နဲ့ အသေးစား(SMEs) ခရီးသွားလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်သွား မယ်လို့ ထိုင်းရတ်သတင်းစာမှာ ဖော်ပြထားပါတယ်။ Source: ထိုင်းရတ်သတင်းစာ၊ကျော်ဆန်းထွန်း
Background