သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ အောင်လံ ၁ ပိဿာ ၁၇၃၅ ၁၇၁၂ နှမ်းဖြူကို တရုတ်အဆွဲသွက်လာ မန္တလေးဈေးကွက်မှာ နှမ်းဖြူကို တရုတ်အဆွဲ သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၅၆ ကျပ်(တစ်တန်ကို ၈၃ဝ၄ဝဝ ကျပ်) နဲ့နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ''နှမ်းဖြူက ယခင် အပတ်နဲ့စာရင် ဈေးပိုကောင်းလာတယ်။ တရုတ်အဆွဲလည်း ပုံမှန်ရှိ တော့ ဈေးကွက်ထဲနှမ်းတွေ အဝင်များလာတယ်။ ရောင်းလက်တွေက လည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်'' လို့မြို့ခံနှမ်း ကုန်သည် တစ်ဦးက ဆိုပါတယ်။မုံရွာဈေးကွက်မှာတော့ ဒီတစ်ပတ် နှမ်းဖြူက ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၆၇ ကျပ်(တစ်တန်ကို ၇၁၄၆၅၉ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။မကွေး ဈေးကွက်မှာနှမ်းဖြူကို မန္တလေးဝယ်လက်က အရည်အသွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိနေသလို အရောင်းအဝယ်ဖြစ်မှုလည်း များခဲ့တယ်လို့ သိရပါတယ်။ ''ဒီတစ်ပတ်ဈေးကွက်မှာ နှမ်းဖြူက အရောင်းအဝယ်အကောင်းဆုံး သီးနံှဖြစ်နေတယ်။ မန္တလေးအဆွဲများတယ်။ ရောင်းလက်များကလည်း ဝယ်ဈေးကြိုက်လို့ အရောင်းများလာ တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၁၃၆ဝ ကျပ်(တစ်တန်ကို ၃၈၅၈ဝ၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ မှ ၂၅ဝဝကြားဖြစ်ခဲ့ကြောင်းသိရပါတယ။် အောင်လံ ဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲ ဝယ်လက်က တစ်ပိဿာကို ၁၇၁၂ ကျပ်(တစ်တန် ကို ၁ဝ၄၈၄၁၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်အထိ အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။
Background