ထိုင်းရော်ဘာ အရောင်းကျခြင်းနှင့် စီးပွားရေးကျဆင်းခြင်းက ရော်ဘာဈေးကွက်အားဖိအားပေးနိုင် ဥရောပြွေကးမြီပြဿနာနဲ့ ရေနံစိမ်း ဈေးနှုန်းကျဆင်းခြင်းကြောင့် ကမ္ဘာ့အကြီးဆုံးရော်ဘာတင်ပို့သူ ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ရောင်းအားကျဆင်းမှာကိုစိုးရိမ်နေကြောင်းသိရပါတယ်။ ဇန်နဝါရီလအတွက် စာချုပ်ဈေးနှုန်းက သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၄၇ဝ၇ ဒေါ်လာ သာရှိကြောင်းသိရပါတယ်။ ရော်ဘာရဲ့ အခြေအနေ က ရေနံဈေးကျ တဲ့အတိုင်း ပြောင်းလဲနိုင်ကြောင်း ဖိလစ်ပိုင်ဒီအက်စ်ဖျူးချားကုမ္ပဏီရဲ့ သုတေသီက ပြောကြားခဲ့ ပါတယ်။ ဥရောပြွေကးမြီ အကျပ်အတည်းနဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းခြင်းက ဆက်လက် စိုးရိမ်ဖွယ်ဖြစ်ပြီးရော်ဘာ ဈေးကွက်ကို ဖိအားပေးနိုင်ကြောင်း ဘန်ကောက်အခြေစိုက် ဒီအက်စ်ဖျူးချားကုမ္ပဏီရဲ့ သုတေသီက ပြောကြားခဲ့ပါတယ်။ ဇူလိုင်လမှာ ဂျပန်ရဲ့ ပို့ကုန်ကထင်ထား တာထက် ကျဆင်းခဲ့ပြီး ငွေကြေး အားကောင်းလာခြင်းက ပြည်ပရောင်းလိုအားအပေါ်ဖိအားရှိကြောင်း သိရပါတယ်။ ယခင်နှစ်ထက် ဇူလိုင်လမှာ ပို့ကုန် ၃ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရပါတယ်။ စီးပွားရေးပညာရှင်များရဲ့ ကွင်းဆင်းလေ့လာချက် အရ ဇွန်လ မှာ ပို့ကုန် ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးနောက် ၂ ဒသမ ၆ ရာခိုင်နှုန်းအထိဆက်လက် ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိုး ၆ဝ ရာခိုင်နှုန်းရွာသွန်းပြီး ရော်ဘာအစေးထွက် ထိခိုက်တာကြောင့် အရောင်း ကျနေ ကြောင်း ရော်ဘာသုတေသနဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။ ထိုင်းတောင်ပိုင်း ကနေ ရော်ဘာ ရောင်းလိုအားရဲ့ ၈ဝ ရာခိုင်နှုန်း ကို ထုတ်လုပ်ကြောင်းသိရပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာတော့ ဇန်နဝါရီလ အတွက် ဈေးနှုန်းက ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၅၂၈၃ ဒေါ်လာရှိကြောင်း သတင်းရရှိပါတယ်။ KZW,Source: bloombery.com
Background