Main menu

Background

မုံရွာ V2 ဈေးကွက် သြဂုတ်လမှာ အရောင်းသွက်

Sun, 09/04/2011 - 06:39 -- Anonymous (not verified)

မုံရွာ V2 ဈေးကွက် သြဂုတ်လမှာ အရောင်းသွက်               မုံရွာ ကုန်စည်ဒိုင် V2 ဈေးကွက်မှာ အရောင်းအဝယ်အားကောင်းခဲ့တာတွေ့ ရပါတယ်။ အဓိကဝယ်လက် အနေနဲ့ ရန်ကုန်မှ အများဆုံး ဆွဲကာ မန္တလေး ကုန်သည်တချို့ရဲ့ အဝယ်လည်းရှိခဲ့လို့ အခုလို အရောင်းအဝယ် အားကောင်း ခဲ့တာဖြစ်တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ပေါက်ဈေးအနေနဲ့ သြဂုတ်လ အတွင်း V2 တစ်တင်းအနိမ့်ဆုံး ၂ဝ၆ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၅ဝဝ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းအနိမ့်ဆုံး ၁၆၅ဝဝ ကျပ်မှ အမြင့်ဆုံး ၁၇၅ဝဝ ကျပ်၊ ကုလားပဲ 292 တစ်တင်းအနိမ့်ဆုံး ၁၆၂ဝဝ ကျပ်မှ အမြင့်ဆုံး ၁၆၈ဝဝ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်းအနိမ့်ဆုံး ၁၅ဝဝဝ ကျပ်မှ အမြင့်ဆုံး ၁၆ဝဝဝ ကျပ် ထိဖြစ်ပေါ်ခဲ့ပြီး၊ အရောင်းအဝယ်အားဖြင့် ကြိုက်ဈေးပေါ် မူတည်ပြီး တစ်ရက်လျှင် အိတ် ၁၅ဝဝ၊ ၂ဝဝဝ မှ အိတ် ၅ဝဝဝ၊ ၇ဝဝဝ ထိရှိခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် နယ်မြေကလည်း သြဂုတ်လထဲ ကုလားပဲစီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၄ဝဝဝဝ ခန့် ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်