ယခုတစ်ပတ် ပဲတီစိမ်း FOB အရောင်းအဝယ်တန် ၃၀၀၀ ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းတန်ချိန် ၄၀၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ရာမှ ယခုစက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ တန်ချိန် ၃၀၀၀ ခန့် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၁၅ ရက်အထိ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပဲတီရွှေဝါတန် ၆၀၀၀ နီးပါး၊ ပဲတီစိမ်းတန် ၁၅၀၀ ကျော်နဲ့ စုစုပေါင်း တန်ချိန် ၇၆၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်ပအဝယ်ပိုလိုက်လာသလို ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုးလည်း မြင့်တက်လာ တာကြောင့် ပြည်တွင်း ဈေးလည်းမြင့်တက်လာပြီး ရန်ကုန် FOB ဈေး သိသိသာသာ မြင့်တက် လာတာကို တွေ့ရပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာတန် ပဲတီစိမ်းအညာ ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၁၆-၉-၁၁ ၈၂၀-၈၄၀ ၉၉၀-၁၀၁၀ ၁၀၆၀-၁၀၈၀၉-၉-၁၁ ၇၈၀-၈၀၀ ၉၆၀-၉၈၀ ၁၀၂၀-၁၀၄၀MIRT(MAPT)
Background