Main menu

Background

လက်ကျန်နည်းလာတဲ့ ကုလားပဲ တင်ပို့မှုလျော့လာ

Fri, 09/23/2011 - 07:20 -- Anonymous (not verified)

လက်ကျန်နည်းလာတဲ့ ကုလားပဲ တင်ပို့မှုလျော့လာ                  လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲဟာ ယခုတစ်ပတ် (စက်တင်ဘာလ ၄-၁၀ ရက်) ပင်လယ်ရေကြောင်း က တင်ပို့မှုမှာ တန်ချိန် ၂၀၀၀ ကျော်သာရှိခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တွေက တန်ချိန် ၃၀၀၀ ထိတင်ပို့မှုရှိလို့ တင်ပို့မှု တဖြည်းဖြည်း လျော့လာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၁၀ ရက်အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၅၇၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျော့ကျလာနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။MIRT- MAPT