အိန္ဒိယကုလားပဲ လက်ငင်းဈေးမြင့်တက်၊ မိုးပဲအထွက် ၁၀ ရာခိုင်နှုန်း နီးပါးကျဆင်း အိန္ဒိယဒေလီဈေးကွက်ကို ပဲကားအစီး ၄၀ နဲ့ ပုံမှန်ဝင်ရောက်မှုရှိပြီး၊ အဝယ် ပုံမှန် ဆက်လက်ရှိနေတာကြောင့် စက်တင်ဘာလ ၁၅ ရက် ကုလားပဲဈေး ရူပီး ၇၅၀ (ကန်ဒေါ်လာ ၁၅ ဒသမ ၇၃)မြင့်တက်ပြီး၊ ရူပီး ၃၅၅၀၀ (ကန်ဒေါ်လာ ၇၄၅)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပွဲတော်များအတွက် ဝယ်လို အားကောင်းနေပြီး၊ ပဲကားဝင် ရောက်မှု ကျဆင်းတာကြောင့် ကုလားပဲလက်ငင်း ဈေးဟာ တစ်နှစ်အတွင်း ၄၈ ရာခိုင်နှုန်း ပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိုးပဲစုစုပေါင်းထွက်ရှိမှုဟာ ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ကမ္ဘာ့ထုတ်လုပ်မှုအနေနဲ့ အဓိက တင်ပို့နိုင်ငံများဖြစ်တဲ့ သြစတြေးလျနဲ့ ကနေဒါတို့က ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတာ ကြောင့်လည်း ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ကုလားပဲထုတ်လုပ်မှုကလည်း ၆ ရာခိုင်နှုန်းနီးပါး ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၁၁-၁၂ အတွင်း ကမ္ဘာ့ကုလားပဲတင်ပို့မှုဟာ ၂၀ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၃ ဒသမ ၄၈သိန်း သာရှိမယ် လို့ ခန့်မှန်းထားပါတယ်။ ပွဲတော်အတွက် ဝယ်လိုအား ဆက်လက်ကောင်းနိုင်ခြင်းနဲ့ ရောင်းချမှု အကန့် အသတ်သာရှိခြင်းကြောင့် ကာလတိုအတွင်း အိန္ဒိယဈေးကွက် ကုလားပဲဈေး ဆက် လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊၊Source: moneycontrol.com
Background