ပင်လယ်ရေကြောင်းမှာ ရော်ဘာအပို့ သိသိသာသာ အပြောင်းအလဲမရှိ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၂၀၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၅၁၆ သန်းဖိုးကို မလေးရှား တစ်နိုင်ငံထဲကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၄၀ တင်ပို့ခဲ့တာကြောင့် တင်ပို့မှု သိသိသာသာအပြောင်းအလ ဲမရှိတာတွေ့ရပါတယ်။ မိုးရွာသွန်းမှု မပြတ်သေးတာ ကြောင့် ရော်ဘာ မထုတ် လုပ်နိုင်သေးဘဲ လက်ကျန်နည်းနေတာကြောင့် တင်ပို့မှုနည်းတာဖြစ်ကြောင်း သိရပါတယ်။ နယ်စပ် ကုန်သွယ်ရေးကတော့ ယခုအပတ်မှာ (၈၂၂) တန်တင်ပို့တာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးတွေကတော့ RSS-3 နဲ့ MSR-20 တစ်တန်ကို ၄၄၀၀ ဒေါ်လာနဲ့ RSS-5 တစ်တန်ကို ၄၃၀၀ ဒေါ်လာဈေးပေါက်ကြောင်း သိရပါတယ်။ KZW
Background