Main menu

Background

အိန္ဒိယ ရော်ဘာပို့ကုန် ၂၈၀ ရာခိုင်နှုန်းတိုးတက်

Sun, 09/25/2011 - 05:05 -- Anonymous (not verified)

အိန္ဒိယ ရော်ဘာပို့ကုန် ၂၈၀ ရာခိုင်နှုန်းတိုးတက်                  အိန္ဒိယနိုင်ငံရဲ့ သဘာဝရော်ဘာတင်ပို့မှုဟာ ယခုဘဏ္ဍာနှစ် ဧပြီမှ သြဂုတ်အထိကာလမှာ ၂၈၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ်အလားတူကာလက ပို့ကုန် ၄၃၆၄ တန်ရှိပြီး ယခုနှစ်မှာ ၁၂၂၁၉ တန်ရှိကြောင်း သိရပါတယ်။ ဒီလိုပို့ကုန်တိုးတာဟာ ဒီကာလအတွင်း အိန္ဒိယမှာ ဈေးကျတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။ သဘာ၀ ရော်ဘာတင်ပို့မှုဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဈေးမြင့်ခြင်းနဲ့ အရည်အသွေးမကောင်းခြင်း ကဲ့သို့သော အခြေအနေ အမျိုးမျိုးကြောင့် စိုးရိမ်စရာအခြေအနေကိုရောက်နေကြောင်း သိရပါတယ်။ ၂၀၁၀ တချို့လ တွေမှာ ပို့ကုန်မရှိတဲ့ အခြေအနေတွေဖြစ်ခဲ့ပါတယ်။ ယခုနှစ် သြဂုတ်လမှာတော့ ၁၀၈၂ တန် အထိတင်ပို့မှုတိုးကာ ယခင်နှစ်အလားတူကာလက ၁၇ တန်သာတင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လကလည်း ၇၇၉ တန်တင်ပို့ ကာ ၂၀၁၀ ဇူလိုင်မှာ ၂၄ တန်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။             ယခုဘဏ္ဍာနှစ်မှာတော့ ကမ္ဘာ့ဝယ်လက်တွေအတွက် အိန္ဒိယရဲ့ဈေးနှုန်းက အကျိုးရှိပြီး ပြည်တွင်းဈေးက တော့ တစ်ဂရမ်ကို ရူပီး ၁၇-၁၉ အထိဈေးကျခဲ့ကြောင်း သိရပါတယ်။ လာမယ့်ကာလများမှာလည်း ပို့ကုန်တွေ ပိုမိုတိုးမြှင့် တင်ပို့နိုင်မယ်လို့ သိရပါတယ်။ အိန္ဒိယရော်ဘာက ကမ္ဘာ့ဈေးကွက်မဝင်ရတဲ့ အဓိကအကြောင်းကတော့ အရည်အသွေး ညံ့တာပဲ ဖြစ်ပါတယ်။တကယ်လို့ တစ်ကီလိုကို ရူပီး (၁၂-၁၅) ကိုလျှော့ချပေးနိုင်မယ်ဆိုရင် အိန္ဒိယအနေနဲ့ နိုင်ငံခြားဝယ်လက် တွေကို ပိုပြီးဆွဲဆောင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်းသုံးစွဲမှုကလည်း မြင့်မားနေတာကြောင့် အိန္ဒိယက ရော်ဘာ အဓိက တင်ပို့တဲ့ ဈေးကွက်တော့မဖြစ်နိုင်ကြောင်း သိရပါတယ်။             သွင်းကုန်ပိုင်းမှာတော့ ဧပြီကနေ သြဂုတ်အထိကာလမှာ တန်ချိန် ၇၆၁၁၆ တန်တင်သွင်းပြီး ယခင်နှစ် အလားတူ ကာလထက် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။ သွင်းကုန်ခွန်က ၂၀ ရာခိုင်နှုန်းကနေ ၇ ဒသမ ၅ ရာခိုင်နှုန်းကို လျော့ချခဲ့ပေမယ့် ပြည်တွင်းသုံးစွဲမှုအားလုံးအတွက်တော့ ဈေးမသက်သာခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရော်ဘာအဓိက စိုက်ပျိုးတဲ့ ကာရာလာဒေသမှာ နိုင်ငံရေးအကျပ်အတည်းအရ ရော်ဘာတင်ပို့ခွင့်မရကြောင်းလဲ သိရပါတယ်။ ဒါကြောင့် ရော်ဘာတင်ပို့မှု ၄၅ ရာခိုင်နှုန်းလောက်ကျဆင်းသွားခဲ့ပါတယ်။ ဧပြီကနေ သြဂုတ်လအတွင်း ပြည်တွင်းသုံးစွဲမှုက ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာပြီး ၃၁၁၂၀၀ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။                 ဧပြီမှ သြဂုတ်အထိသိုလှောင်မှုက ၂၆၆၀၈၁ တန်ရှိပြီး ယခင်နှစ်အလားတူကာလက ၂၀၂၇၉၈ တန်ရှိခဲ့ကြောင်း ရော်ဘာအသင်းရဲ့ စာရင်းများအရ သိရပါတယ်။ စက်မှုအသင်းနဲ့ ရော်ဘာကုန်သည်များမှာ သိုလှောင် မှုများစွာရှိနေပြီး အမှန်တကယ်လုပ်ငန်းလည်ပတ်တဲ့ ပမာဏက တန်ချိန် ရှစ်သောင်းမှ တစ်သိန်းအထိသာ ရှိကြောင်း သိရပါတယ်။ မော်တော် ကားတာယာထုတ်လုပ်သူများအသင်း(ATMA)က ပြောကြားရာမှာတော့ သိုလှောင်မှုပမာဏ များပေမဲ့ နိုင်ငံအနေနဲ့ ရောင်း လိုအား ပြဿာနာကိုအကြီးအကျယ်ရင်ဆိုင်နေရကြောင်းသိရပါတယ်။ တကယ်လို့ သိုလှောင်မှုပမာဏကျဆင်း ခဲ့မယ်ဆိုရင် ရော်ဘာကဏ္ဍမှာ ဆိုးကျိုးတွေ သက်ရောက်နိုင်ကြောင်း (ATMA) ကပြောကြားခဲ့ပါတယ်။ ရော်ဘာအသင်းရဲ့ စာရင်းများက အစိုးရရဲ့ သွင်းကုန်တင်သွင်းခွင့်ပြုခြင်းကို လွှမ်းမိုးနိုင်ကြောင်း ၎င်းင်းတို့က ဆက်လက်ပြောကြားခဲ့ပါတယ်။ ရော်ဘာ အသင်းရဲ့ စာရင်းများက အမှန်ကုန်သွယ်မှုပြုနိုင်တဲ့ စာရင်းမဟုတ်ဘဲ တောင်သူ၊ သိုလှောင်သူနဲ့ လုပ်ငန်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေ အားလုံးပေါင်းမှာရှိတဲ့ စာရင်းများသာဖြစ်ပါတယ်။ Source:businessonline,KZW