Main menu

Background

နေပြည်တော် တပ်ကုန်းမှာ အစေ့ထုတ်ပြောင်းများစတင်ထွက်ရှိ

Sun, 09/25/2011 - 05:14 -- Anonymous (not verified)

နေပြည်တော် တပ်ကုန်းမှာ အစေ့ထုတ်ပြောင်းများစတင်ထွက်ရှိ                  တပ်ကုန်းမြို့နယ်မှာ ယခုနှစ်အစေ့ထုတ်ပြောင်း စိုက်ဧက ၂၅၀၀ ကျော်ရှိပြီး၊ အဓိကစိုက်ပျိုးတဲ့ ကျေးရွာ အုပ်စုများမှာ ကျားသေအိုင်၊ ရွှေမြို့၊ ရှောက်ကုန်း၊ ကန်ကြီးအုပ်စုများဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ မျိုးမှာ CP -888  မျိုးဖြစ်ပြီး၊ ယခုအခါ အစေ့ထုတ်ပြောင်းများစတင်ထွက်ရှိနေပြီ ဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်း စံကွက် ရိတ်သိမ်းပွဲကို စက်တင်ဘာလ ၉ ရက်က ကံကြီးအုပ်စုက တောင်သူ ဦးတင်မြိုင် စိုက်ကွင်းမှာ ကျင်းပရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ စိုက်-ညှိအဖွဲ့ဝင်များနဲ့ မြို့နယ်တွင်း ပြောင်းစိုက်တောင်သူ ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရ ပါတယ်။                      စံကွက်ရိတ်ရာမှာ တစ်ဧက ၉၅ တင်းထွက်ရှိကြောင်း သိရပါတယ်။ အစေ့ထုတ်ပြောင်းကို ဧက ၂၀ စိုက်ပျိုးခဲ့ရာ တစ်ဧကကို မျိုးစေ့ ၂၃၀၀၀ ဝန်းကျင်ပါ 5 kg  တစ်ထုပ် စိုက်ပျိုးရပြီး၊ တစ်ထုပ်ကို ၁၇၅၀၀ ကျပ်ပေးရကြောင်း ၎င်းင်းစိုက်ခင်းကို စံကွက်ရိတ်သိမ်းရာ၌ ပြောင်းဖူး ၁၃၅ ဖူးကို အစေ့တစ်တင်းရရှိပြီး တစ်ဧကကုန်ကျစရိတ် ၁၆၀၀၀၀ ကျပ် ခန့်ကုန်ကျကာ ယနေ့ပေါက်ဈေး တစ်တင်း ၅၀၀၀ ကျပ်ရောင်းရလို့ တစ်ဧကအမြတ် ၃ သိန်းကျော်ရရှိတယ်လို့ တောင်သူ ဦးတင်မြိုင်က ပြောပါတယ်။ ခင်မောင်ဆွေ