နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၆ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၂၀၈ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၅၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုကတော့ မူဆယ်မှ ၆၂ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၉၅ တန်ကျော် အသီးသီး ဖြစ်ပါတယ်။ အေးခဲအမဲသားအပြင် ယခုအပတ်မှာ အေးခဲကျွဲသား ၂၈ တန်ကန်ဒေါ်လာသုညဒသမ ၀၇၈ သန်းဖိုး အပို့ရှိခဲ့ပြီး ယခင် အပတ်ကတော့ ၃၃၈ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
Background