ကြက်သွန်နီ ပြည်ပတင်ပို့ခွင့်ပြု ပြည်တွင်းစားသုံးသူပြည်သူလူထုအနေနဲ့ စားဖိုဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်နီကို ပြည်တွင်းဈေးနှုန်း ကြီးမြင့်စွာနဲ့ ဝယ်ယူစားသုံးခဲ့ရပြီး ပြည်ပတင်ပို့ခွင့်ပိတ်ပင်ခဲ့ရာမှ ယခုနှစ်မှာ ပြည်တွင်းစားသုံးမှုပိုလျှံတဲ့ ကြက်သွန်နီ တွေကို ပြည်တွင်း ဈေးနှုန်း တည်ငြိမ်စေရေးအတွက် စားဖိုးဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ စနစ်တကျစိစစ် ထိန်းသိမ်းစေပြီး ကြက်သွန်နီစိုက်တောင်သူတွေ အကျိုး စီးပွားဖြစ်ထွန်းစေရေး ရည်ရွယ် ချက်နဲ့ ကြက်သွန်နီတွေကို ပြည်ပကို ပြန်လည်တင်ပို့ခွင့်ကို (၁၉-၉-၂၀၁၁) ရက်မှစတင် ပြီး ခွင့်ပြုဆောင်ရွက်စေခဲ့ရာ ပထမဆုံး ပင်လယ်ရေကြောင်းမှ ကြက်သွန်နီပြည်ပကို တင်ပို့ခွင့်ရရှိရေးအတွက် Super Soe Co.,Ltd. မှ မလေးရှားနိုင်ငံကို တန်ချိန် ၆၀ ကို တစ်တန်မှာ အမေရိကန်ဒေါ်လာ ၄၅၀ ဈေးနှုန်းနဲ့ လိုင်စင်လာရောက် လျှောက်ထားထုတ်ယူခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းစားသုံးမှုပိုလျှံသမျှ ပြည်ပတင်ပို့ဖို့ အတွက် ပို့ကုန်မူဝါဒချမှတ်ဆောင် ရွက်လျက် ရှိသော်လည်း ပြည်တွင်းစားသုံးသူ ပြည်သူတွေ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့အထိ ပြည်တွင်းဈေးနှုန်း ကြီးမြင့် လာပါကပြည်သူတွေရဲ့ အကျိုးစီးပွားကိုကာကွယ် သွားရမှာ ဖြစ်ပါတယ်။ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သူ တောင်သူ တွေ လည်းအကျိုးရှိ၊ ကုန်သည်လုပ်ငန်းရှင်တွေလည်း အကျိုးရှိပြီး စားသုံးသူပြည်သူလူထုအနေနဲ့လည်း သင့်တင့်မျှတတဲ့ ပြည်တွင်းဈေးနှုန်းနဲ့ ဝယ်ယူစားသုံးနိုင်ရေး၊ အတ္တနဲ့ ပရမျှတစွာနဲ့ စားဖိုးဆောင်သီးနှံ စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချ သူများ အသင်းအနေနဲ့ အမှန်တကယ်စိစစ် ဆောင်ရွက် နိုင်မှသာ ကြက်သွန်နီတင်ပို့မှု တန်ဖိုးတွေ မြင့်တက်လာမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ပင်လယ်ရေကြောင်းမှ ကြက်သွန်နီတင်ပို့ နိုင်ခဲ့မှုမှာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှာ (၅၂၈၁.၅၁၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၇၄၅)သန်း ၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ (၁၈၃၅၅.၇၃) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၃.၉၂၅)သန်းနဲ့ ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်မှာ(၂၇၀၂.၉၇)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (ဝ.၅၆၄) သန်း အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ မြန်မာ့ ကြက်သွန်နီက အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှထွက်တဲ့ ကြက်သွန်နီထက် အရည်အသွေးပိုင်းမှာ ရေဓါတ်ပါဝင်မှုနည်း ပြီး ရေရှည်အထားခံရာ ဈေးကွက်မှာ ရောင်းပန်းလှတဲ့ ကုန်ပစ္စည်းဖြစ်ကာ ဈေးကွက်တွေ ခိုင်မာစွာနဲ့ ရေရှည်တင်ပို့ ရောင်းချနိုင်ရေး ကြက်သွန်နီစိုက် ပျိုးထုတ်လုပ်သူ တောင်သူ များ၊ကုန်သည်လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအသင်းအဖွဲ့တွေ အနေနဲ့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံတော်အတွက်လည်း ပို့ကုန်နိုင်ငံခြားဝင်ငွေပိုမို တိုးမြှင့်ရရှိမှာဖြစ်ပြီး သုံးဦးသုံးဖလှယ်လည်း ပိုမိုအကျိုးဖြစ်ထွန်း စေမှာဖြစ်ကာ အတ္တနဲ့ပရ မျှတစွာနဲ့ ပူးပေါင်းပါဝင် ဆောင် ရွက်ကြပါလို့ တိုက်တွန်းဆန္ဒပြု ရေးသားလိုက်ပါတယ်ခင်ဗျာ …………။ မောင်မောင်လွင်
Background