Main menu

Background

ထိုင်ဝမ်(ကုလားပဲ) ဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ

Sun, 10/02/2011 - 07:15 -- Anonymous (not verified)

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်         ယခု    ပြောင်းလဲမှု၁ မန္တလေး               ၁ ပိဿာ    ၁၀၈၄     ၁၀၄၉၂ မကွေး                 ၁ ပိဿာ    ၁၀၂၆     ၁၀၁၅၃ ပခုက္ကူ                 ၁ ပိဿာ    ၁၀၄၇     ၁၀၁၅၄ မုံရွာ                    ၁ ပိဿာ    ၁၀၆၃     ၁၀၄၂၅ အောင်လံ             ၁ ပိဿာ    ၁၀၅၀    ၁၀၁၀၆ မြင်းခြံ                 ၁ ပိဿာ    ၁၀၅၀     ၁၀၀၀၇ ပြည်                   ၁ ပိဿာ    ၁၀၈၀     ၁၀၅၀ထိုင်ဝမ်(ကုလားပဲ) ဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ                      မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၁၀၄၉ ကျပ်(တစ်တန်ကို ၆၄၂၃၉၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးဈေးဆင်းမှုနဲ့အတူ ကုလားပဲလည်း ဈေးဆင်းလာတယ်။ တောင်သူတွေကလည်း မျိုးအတွက် ပြန်လည်ဝယ်ယူမှုတွေရှိ သလို စက်ပိုင်နဲ့ လက်လီသမားတွေလည်း အဝယ်ရှိနေတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်တော့ ပုံမှန်ရှိနေကြောင်း မြို့ခံစက်သမားတစ်ဦးက ဆိုပါတယ်။ မြင်းခြံေံ ဈးကွက်မှာ ကုလားပဲကို မြို့ခံခွဲ စက်တွေက တစ်ပိဿာကို ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်) နဲ့နေ့စဉ်အိတ် ၁၀၀ ခန့် ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာ ရင် ဈေးကျလာတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေအပြင် လက်လီ သမားများပါ ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၁၅ ကျပ် (တစ်တန်ကို ၆၂၁၅၇၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ မှ ၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံ ဈေးကွက်မှာ ကုလားပဲကို ပဲခွဲစက်တွေက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့ အနေနဲ့ အဝယ်ပုံမှန်ရှိခဲ့ပေမယ့် ရန်ကုန်ဝယ်လက်အချို့ကတော့ ဝယ်အားနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျလာပြးီ တစ်ပိဿာကို ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်) နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို မျိုးအတွက် ပြန်လည်ဝယ်ယူသူများနဲ့ စက်ပိုင်နဲ့ လက်လီသမားတွေ ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျဘက်မှာရှိနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၄၂ ကျပ်(တစ်တန်ကို ၆၃၈၁၁၀ ကျပ်)နဲ့တစ်ရက် ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။