မူဆယ်နယ်စပ်မှ ပရဆေးကုန်ကြမ်းအပို့ပို တမူးနယ်စပ်မှ ပရဆေးကုန်ကြမ်း အသွင်းလျော့ စက်တင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၆၂၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၆၈ ဒသမ ၉၈ တန်အပို့ရှိခဲ့ပြီး တမူးနယ်စပ်မှ တောင်လုံးကျော် ၁ တန်ခွဲနဲ့ မင်သော်တန်ဝက်ကန်ဒေါ်လာသုည ဒသမ ၀၀၆၃ သန်းဖိုး အသွင်း ရှိခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ ပို့တဲ့ ပရဆေးကုန်ကြမ်း တွေကတော့ ချဉ်ပေါင် ဖာလာ (အခွံပါ) ၊ နနွင်းတက် (ရှမ်းစ)၊ မိကျောင်းကွမ်းဖတ်စေ့၊ ဝဥခြောက်၊ ကြောင်ပန်းစေ့၊ ငရုတ်ကောင်း၊ ကွမ်းစားဂမုန်း ၊ စကားပန်းပွင့်ခြောက်၊ တောင်လုံးကျော်၊ တောချင်းနဲ့ အုံတုံခေါက်တို့ဖြစ်ပြီး ယခင်အပတ်က တင်ပို့ခဲ့တဲ့ ရွေးရွက်၊ နေလဲစေ့၊ နနွင်းခေါင်းနဲ့ ချဉ်ပေါင်ဖာ လာ (အခွံမပါ)တို့ ယခုအပတ်မှာ တင်ပို့တာ မတွေ့ရသော် လည်းနနွင်းတက်(ရှမ်းစ)၊ချဉ်ပေါင်ဖာလာ(အခွံပါ)၊ မိကျောင်း ကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်တို့ ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်က တင်ပို့မှု မရှိခဲ့တဲ့ တောင်လုံးကျော်၊ တောချင်း၊ အုံတုံခေါက်တို့ အပို့ ရှိခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)
Background