Main menu

Background

ပဲလွန်းဖြူလက်ကျန်များ အရောင်း အဝယ်ဖြစ် ဆက်လက်တင်ပို့

Mon, 10/10/2011 - 04:05 -- Anonymous (not verified)

                 ပင်လယ်ရေကြောင်းက အခြား ပဲအုပ်စုတွေထဲမှာ တင်ပို့မှုအားကောင်း တဲ့ပဲလွန်းဖြူကို စက်တင်ဘာလ နောက် ဆုံးပတ်မှာလည်း တန်ချိန် ၁၈၀ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ စက်တင်ဘာလ တစ်လလုံးမှာ ပဲလွန်းဖြူ တန် ချိန် ၆၆၀ ခန့် တင်ပို့မှုရှိပြီး သြဂုတ်လ အတွင်း တန်ချိန် ၁၀၀၀ ခန့် တင်ပို့နိုင် တာ တွေ့ရပါတယ်။                 လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ရဲ့ စက်တင်ဘာလကုန်အထိ ပဲလွန်းဖြူ ပြည်ပ တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၅၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၅၄၀၀ ခန့်ရှိလို့ ယခုနှစ်မှာ အနည်းငယ်လျော့ကျ တင်ပို့ နိုင်တယ်လို့ သိရပါတယ်။                   ယခုအောက်တိုဘာလ ပထမပတ် အတွင်း FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မှုအနေနဲ့ ပဲလွန်းဖြူ တန်ချိန် ၄၀၀ ခန့် ရှိခဲ့ပြီး စက်တင်ဘာလ တစ်လလုံးမှာ တန်ချိန် ၄၅၀ ကျော်သာ ပြည်ပအရောင်းအဝယ်ရှိခဲ့ တယ်လို့ သိရပါတယ်။ လက်ကျန်နည်း လာပြီ ဖြစ်တဲ့ ပဲလွန်းဖြူကို အရောင်းအဝယ် ပုံမှန်ရှိနေလို့ FOB ဈေးလည်း ငြိမ်နေ တာ တွေ့ရပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့  FOB ဈေးမှာ FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ ရှိကြောင်း သိရပါတယ်။                MIRT(MAPT)