Main menu

Background

အိန္ဒိယကုလားပဲ လက်ငင်းဈေးတက်ပြီး ကြိုပွိုင့်ဈေးကျ

Mon, 10/10/2011 - 04:19 -- Anonymous (not verified)

                         အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဈေးအနိမ့်နဲ့ ဝယ်လိုအားတက်လာတာကြောင့် အိန္ဒိယကုလားပဲ လက်ငင်းဈေးအနည်းငယ်တိုးလာပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ ထွက်ရှိမှုကောင်းနိုင်တဲ့ သတင်းတွေအရ ကြိုပွိုင့်ဈေးကွက်မှာအောက်တိုဘာ ၆ ရက်နေ့က ဈေးကျဆင်းခဲ့ပါတယ်။                       NCDEX မှာအောက်တိုဘာလ စာချုပ် ကုလားပဲဈေးဟာ ၃ ဒသမ ၉၉ ရာခိုင်နှုန်းလျှော့ကျပြီး တစ်တန်ကို ရူပီး ၁၄၆၀၅ (ကန်ဒေါ်လာ ၂၉၇) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘီကနာမှာ သိုလှောင်မှု ပမာဏအပေါ် ကန့်သတ်ခြင်းနဲ့ ဝယ်ယူမှုကောင်းနေခြင်းတို့က ဈေးနှုန်းကျဆင်းမှုကို အထောက်အပံ့ပြုနေပါတယ်။ နောက်လအနည်းငယ်အတွင်း ကုလားပဲဈေး သိသိသာသာမြင့်တက်နိုင်တဲ့ အလားအလာအရ ပွဲတော်အတွက် အဝယ်ရှိပေမဲ့ အချို့ရောင်းချသူများက ဈေး မတက်မီ ရောင်းမထုတ်သေးကြောင်း သိရပါတယ်။ ပထမ အကြိမ် မိုးပဲထုတ်လုပ်မှု ခန့်မှန်းချက်အရ ယခင်နှစ်မှာ တန်ချိန် ၇ ဒသမ ၂ သန်းထွက်ရှိရာမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းနိုင်ခြင်းက ကာလလတ်အတွင်း ကုလားပဲ ဈေးကို အထောက်အပံ့ပြုနိုင်ပါတယ်။ ယမင်းခင် Source: commodityonline