Main menu

Background

စက်တင်ဘာမှာ ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းကျဆင်းခဲ့တယ်လို့ FAO ကဆို

Mon, 10/10/2011 - 04:41 -- Anonymous (not verified)

                    ကမ္ဘာ့ကောက်ပဲသီးနှံရောင်းချမှု ပိုမိုခြင်းနဲ့ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ စက်တင်ဘာလအတွင်းမှာ ၂ ရာခိုင်နှုန်းကျဆင်း ခဲ့တယ်လို့ FAO  က အောက်တိုဘာ ၆ ရက်နေ့မှာပြောကြား ပါတယ်။ စားနပ်ရိက္ခာ ဈေးနှုန်းကျဆင်းမှုကြောင့် ငွေကြေးဖောင်းပွမှု သက်သာရာရရှိခဲ့တဲ့ အတွက် ဥရောပ ဗဟိုဘဏ်မှ အတိုးနှုန်းဆုံးဖြတ်ချက်အပေါ် စိုးရိမ်မှုများလည်း လျော့ကျလာတယ်လို့ ဆိုပါတယ်။                    အဓိကစားသောက်ကုန်များဖြစ်တဲ့ နှံစားသီးနှံ၊ ဆီထွက်သီးနှံ၊ အသားနဲ့ သကြားတို့ရဲ့ လစဉ်ဈေးနှုန်း အပြောင်းအလဲကိုတိုင်းတာတဲ့ FAO ရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းညွှန်ကိန်းဟာ စက်တင်ဘာလမှာ ပျမ်းမျှ ၂၂၅ မှတ်ရှိလို့ သြဂုတ်လထက် ၄ ဒသမ ၅ မှတ်ကျဆင်းခဲ့တယ်လို့ FAO ကဆိုပါတယ်။ စက်တင်ဘာညွှန်းကိန်း က ဖေဖော်ဝါရီလအတွင်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၂၃၈ မှတ်အောက် လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ ကုန်စည်ဈေးနှုန်းများဟာ ဆက်လက်ကျဆင်းမယ့် အလားအလာအရ နောက်လအနည်းငယ်အတွင်းမှာလည်း ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်း ကျဆင်းမယ်လို့ FAO စီးပွားရေးပညာရှင်ကပြောကြားပါတယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေခြင်းက ဝယ်လိုအားကို နည်းစေနိုင်တဲ့အပေါ် ရင်းနှီး မြုပ်နှံသူများ စိုးရိမ်လာကြပြီး စက်တင်လာလအတွင်း နိုင်ငံတကာ သီးနှံ ဈေးကွက်များမှာ ရောင်းထုတ်မှုတွေရှိလာခြင်းကလည်း လွန်ခဲ့တဲ့လများ အတွင်း စားနပ်ရိက္ခာဈေးနှုန်း ပိုမိုကျဆင်းဖို့ဖြစ်လာပါတယ်။ ၂၀၁၁ နှံစားသီးနှံထွက်ရှိမှုဟာ အစောပိုင်းခန့်မှန်းထားတဲ့ ပမာဏထက်တန်ချိန် ၃ သန်းပိုပြီး၊ တန်ချိန် ၂ ဒသမ ၃၁ ဘီလီယံ ထွက်ရှိမယ်လို့ တိုးမြင့်ခန့်မှန်းခဲ့ပါတယ်။ သီးနှံထုတ်လုပ်မှု တိုးတက်မယ့်မျှော်လင့်ချက်ရှိပေမဲ့ ကမ္ဘာ့စီးပွားရေးပြန် လည် တိုးတက်မှု နှေးကွေးနေခြင်းနဲ့ ငွေကြေးအကျပ်အတည်း တိုးပွားလာခြင်း ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအပေါ် ထိခိုက်မှုနဲ့ပတ်သက်လို့တော့ မရေရာဘူး လို့ ရောမ အခြေစိုက် အေဂျင်စီမှပြောကြားပါတယ်။ စီးပွားရေးအခြေအနေ တိုးတက်မှု နှေးကွေးလာခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အလုပ်လက်မဲ့ ပြဿနာ တိုးပွားလာပြီး၊ ဝင်ငွေနည်းပါးမှုတွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ လမင်း Source: Reuters