အိန္ဒိယနနွင်းဈေးကွက်မှာ ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားကောင်းတာကြောင့် နနွင်းဈေးဆက်လက် ခိုင်မာနေပါတယ်။ နနွင်းဈေးအနိမ့်နဲ့ ကုန်သည်များဝယ်လိုအားတက်လာနိုင်ခြင်းက ကျဆင်းနေတဲ့နနွင်းဈေးကို အထောက်အပံ့ဖြစ်စေပါတယ်။ နနွင်းစိုက်ပျိုးတဲ့ အင်ဒရာပရာဒေ့ရှ်နဲ့အနီးအနားပြည်နယ်တွေမှာ မိုးရွာသွန်း နေတဲ့အတွက် နနွင်းအထွက်အလားအလာကောင်း တယ်ဆိုတဲ့ မျှော်လင့်ချက်ကို မှေးမှိန်စေပါတယ်။ အထူးသဖြင့် အင်ဒရာပရာဒေ့ရှ်မှာ ဆန္ဒပြမှုကြောင့် အိန္ဒိယမြောက်ပိုင်း အမှာ အော်ဒါများက အီရော့ ဈေးကွက်ကို ပြောင်းလဲလာတဲ့အတွက ်အီရော့ဈေးကွက်မှာနနွင်းတစ်တန် ရူပီး ၁၅၀၀-၄၅၀၀ (ကန်ဒေါ်လာ ၃၀ ဒသမ ၅၃ - ၉၁ ဒသမ ၅၉) တိုးတက်ခဲ့ပါတယ်။ ကုန်သည်များက ဈေးအမြင့်နဲ့ သတ်မှတ်တဲ့အတွက် နနွင်းကြိုပွိုင့်ဈေးကွက်မှာလည်း ၂ ဒသမ ၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ မတည်ငြိမ်မှုတွေကြောင့် အိန္ဒိယမြောက်ပိုင်းကုန်သည်များဟာ အီရော့နနွင်းထက် ဈေးသက်သာတဲ့ နီဇမ်မာဘတ်နနွင်းကို ဝယ်ယူဖို့လည်း တုံ့ဆိုင်းနေကြပါတယ်။ ဒါကြောင့်လည်း အီရော့နနွင်းကို ဈေးအမြင့်နဲ့ ကမ်းလှမ်းကြတာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့က နနွင်းအိတ် ၅၂၀၀ ဝင်ရောက်မှုအနက် ၇၀ ရာခိုင်နှုန်းမှာ ရောင်းချ ခဲ့ရတယ်လို့သိရပါတယ်။တောင်သူများက ဈေးကွက်ကို အနည်းငယ်စီသာ သယ်ရောင်းနေကြပြီး၊ ကုန်သည်များ ကလည်း အရည်အသွေးကောင်း နနွင်းကို ဈေးပိုပေးဝယ်ယူခဲ့ကြပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက် ချောင်း တစ်တန်ရူပီး ၄၀၁၁၀-၅၂၆၉၀ (ကန်ဒေါ်လာ ၈၁၆-၁၀၇၄) ရှိပြီး နနွင်းဥဈေးက ရူပီး ၃၈၉၆၀-၄၄၃၈၀ (ကန်ဒေါ်လာ ၇၉၃-၉၀၃) ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusinees
Background